BBC navigation

မြန်မာ့ပညာရေး အကျိုးတူ အဖွဲ့ထူထောင်

နောက်ဆုံး ရေးသားချိန် 31 ဇန်နဝါရီလ 2013 - 22:46 GMT
dfid

DFID အတွင်းဝန်ကြီး အင်ဒရူး မစ်ချယ်လဲ မြန်မာပြည်လာခဲ့

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ မူလတန်းပညာရေး သင်ကြားနိုင်ဖို့ ဗြိတိန်နဲ့ သြော်စတြေးလျအစိုးရတို့က ဒေါ်လာ ၂၂ သန်း ရန်ပုံငွေ ထူထောင်ပြီး မြန်မာ့ ပညာရေး အကျိုးတူပူးပေါင်း အဖွဲ့ အစည်း Myanmar Education Consortium ကို ထူထောင် လိုက်ပါတယ်။

ဗြိတိန်နဲ့ သြော်စတြေးလျ အစိုးရ တို့ပူးပေါင်းပြီး ဖွဲ့စည်းလိုက်တဲ့ ဒီပညာရေး အဖွဲ့အစည်းဟာ မြန်မာ နိုင်ငံမှာ မူလတန်းကြို ကလေး ငါးသောင်းခွဲနဲ့ မူလတန်းအရွယ်ကလေး တသိန်းခြောက်သောင်းကို ပညာ သင်ပေးဖို့အပြင် ကျောင်းဆရာ ဆရာမ လေးထောင့်ငါးရာကို လေ့ကျင့်သင်တန်းပေးဖို့ ဆောင်ရွက်သွားမယ် လို့ဆိုပါတယ်။

အဓိကအားဖြင့် ဘုန်းတော်ကြီးသင် ကျောင်းတွေနဲ့ ဆင်းရဲတဲ့ ဒေသတွေ၊ အကူအညီ အလိုအပ်ဆုံးသူတွေ အတွက် ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ သြော်စတြေးလျ နိုင်ငံတကာ အကူညီပေးရေးအဖွဲ့ AusAid ညွှန်ကြားရေးမှူးချုပ် Peter Baxter ကပြောပါတယ်။ အခုအခါ နေပြည်တော်မှာ ဗြိတိန်နဲ့ သြော်စတြေးလျတို့ ပူးပေါင်းပြီး ဖွံ့ဖြိုးရေး ကူညီမှု ဆိုင်ရာ ဆက်သွယ်ရေးရုံး ကိုလည်း ဖွင့်နိုင်ခဲ့ ပြီလို့ သူကပြောပါတယ်။

အင်္ဂါနေ့တုန်းက နေပြည်တော်မှာ DFID - AusAid ဗြိတိန်နဲ့ သြော်စတြေးလျ ဖွံ့ဖြိုးရေး အဖွဲ့တွေရဲ့ ပူးတွဲရုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဒါဟာ နေပြည်တော်မှာ အနောက်နိုင်ငံ ကအလှူရှင် တွေရဲ့ ပထမဆုံး ရုံးဖွင့်နိုင်တာ ဖြစ်ပါတယ်။ သြော်စတြေးလျ အစိုးရဟာ မြန်မာအစိုးရနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ နားလည်မှု စာချွန်လွှာ တရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဗြိတိန်နိုင်ငံက နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန DFID အမြဲတမ်း အတွင်းဝန် Mark Lowcock နဲ့ သြော်စတြေးလျရဲ့ နိုင်ငံတကာ ဖွံဖြိုးရေးဌာန ညွှန်ကြားရေးမှူးချုပ် Peter Baxter တို့ ဇန်နဝါရီ ၂၉ ရက်ကနေ မြန်မာနိုင်ငံမှာ သုံးရက်ခရီး လှည့်လည်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ Mark Lowcock က မြန်မာနိုင်ငံ ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်မှာလည်း သူတို့အနေနဲ့ ကူညီပေးဖို့ ဆန္ဒရှိကြောင်း ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တည်ငြိမ်မှု ရအောင် သမ္မတ ဦးသိန်းစိန် ဆောင်ရွက်ခဲ့တာ ကို ကြိုဆိုကြောင်းနဲ့ ကချင်ပြည်နယ်မှာအပစ်အခတ် ရပ်စဲပြီးငြိမ်းချမ်းတဲ့ နည်းနဲ့ ပြသနာဖြေရှင်းနိုင်အောင်ကြိုးစားကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံကို ၂ဝ၁၅ ခုနှစ်အထိ လေးနှစ်ကာလ အကူအညီ အမေရိကန် ဒေါ်လာသန်း ၃ဝဝ ကူညီခဲ့ပြီး သြော်စတြေးလျနိုင်ငံ ကလည်း၂ဝ၁၆ ခုနှစ်အထိ သြော်စတြေးလျ ဒေါ်လာသန်း ၁ဝဝ ကူညီပေးမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။