BBC navigation

RSF ရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ညွှန်းကိန်းမှာ မြန်မာ အဆင့် တက်လာ

နောက်ဆုံး ရေးသားချိန် 30 ဇန်နဝါရီလ 2013 - 15:11 GMT
RSF World Press freedom

၂၀၁၃ ခုနှစ် အတွက် RSF ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့် အရှိဆုံး နိုင်ငံများ စာရင်း ထွက်လာ

RSF နယ်စီးမထား သတင်းထောက်များ အဖွဲ့က ၂၀၁၃ ခုနှစ် အတွက် လွတ်လပ်စွာ ထုတ်ဖော် ပြောဆို နိုင်ခွင့် ဆိုင်ရာ ကမ္ဘာ့ နိုင်ငံများရဲ့ ညွှန်းကိန်း ဇယားကို ထုတ်ပြန်လိုက် ပါတယ်။

လွတ်လပ်ခွင့် အရှိဆုံး နိုင်ငံကနေ အဆိုးဆုံး နိုင်ငံ အထိ ကမ္ဘာ့ နိုင်ငံပေါင်း ၁၇၉ နိုင်ငံ ကို အစဉ်လိုက် ဖော်ပြ ထားရာမှာ မြန်မာ နိုင်ငံက နံပါတ် ၁၅၁ နေရာမှာ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ်က ထုတ်ပြန်ခဲ့တဲ့ စာရင်းမှာ နံပါတ် ၁၆၉ မှာ ရှိခဲ့တဲ့ မြန်မာ နိုင်ငံက ဒီနှစ်မှာ ၁၈ နေရာ ခုန်တက် သွားတာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ သတင်း မီဒီယာ ဆိုင်ရာ တိုးတက်မှုတွေ ရှိတာ တွေ့ရပေမဲ့ မီဒီယာကို ဖိနှိပ်တဲ့ ဥပဒေတွေ ဆက်ရှိနေသေး တာက စိုးရိမ်စရာ ကောင်းတယ်လို့ RSF နယ်စည်း မထား သတင်းထောက်များ အဖွဲ့က မကြာသေးခင် သီတင်းပတ်တွေ အတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ်။

သတင်း မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ရင် အမြဲတမ်း ထိပ်ဆုံးမှာ ရှိနေတဲ့ ဥရောပတိုက်က ဖင်လန်၊ နယ်သာလန်နဲ့ နော်ဝေး နိုင်ငံတို့ ကတော့ ဒီနှစ်လည်း ထုံးစံ အတိုင်း နံပါတ် ၁၊ ၂ နဲ့ ၃ နေရာ တွေကို ယူထားပြီး ဇယား ထိပ်ဆုံး နေရာ တွေမှာပဲ ရှိနေ ပါတယ်။

အာရှတိုက် အတွင်း သတင်း မီဒီယာ လွတ်လပ်မှု မရှိဆုံး နိုင်ငံတွေ အဖြစ် နှစ်စဉ် တွေ့ရတဲ့ အထဲမှာ မြောက်ကိုရီးယားက မနှစ်က အတိုင်း မပြောင်းလဲဘဲ ဒုတိယ အဆိုးဆုံး နေရာမှာ ရှိနေပြီး ဟောင်ကောင်က နေရာ ၄ နေရာ ကျဆင်း သွားခဲ့ ပါတယ်။

တရုတ် နိုင်ငံ ကတော့ ပြီးခဲ့တဲ့ နှစ်က ရှိခဲ့တဲ့ န့ပါတ် ၁၇၄ ကနေ တစ်ဆင့် တက်လာပြီး ၁၇၃ ကို နေရာ ရောက်လာ ပါတယ်။

အာဖရိက တိုက်က အီရီ ထရီးယား နိုင်ငံက မနှစ်က အတိုင်း နောက်ဆုံး နေရာမှာ ရှိနေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။