BBC navigation

တရားသူကြီးတွေ ကျမ်းကျိန်ဖို့ လိုသလား

နောက်ဆုံး ရေးသားချိန် 23 ဇန်နဝါရီလ 2013 - 16:05 GMT

ပြည်သူ့လွှတ်တော်

တရားသူကြီးတွေ ကျမ်းသစ္စာကျိန်ဆိုဖို့ လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ဆွေးနွေးကြပြီး တရားသူကြီးတွေ အနေနဲ့ အမှုစစ်တိုင်းမှာ ကျမ်းသစ္စာကျိန်ဆိုဖို့ ပုသိမ် မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့် ကအဆိုတင် ပါတယ်။

တရားသူကြီးတွေ ရာထူးစတင်လက်ခံချိန်မှာ သမ္မတကြီးရှေ့မှောက် ဒါမှမဟုတ် ပြည်နယ်တရားလွှတ်တော် တွေမှာ တကြိမ်သာ ကျမ်းသစ္စာကျိန်ဆိုမယ်ဆိုရင် ဖြစ်နိုင်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်က လွှတ်တော်မှာ ပြန်ပြီး ပြောကြားခဲ့ပါတယ်။

တရားသူကြီးတွေ အလုပ်တက်တဲ့နေတိုင်း ကျမ်းသစ္စာကျိန်ဆိုဖို့ အပါအဝင် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကို ဗုဒ္ဓဟူးနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းတာကို လွှတ်တော်က ဆွေးနွေးဖို့လက်ခံလိုက်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွှန့် ပြောပါတယ်။

ပြည်သူ့လွှတ်တော်မှာ ပါတီတခုအနေနဲ့ ပြည်သူ့လွှတ်တော်အမတ် တစ်ဦးတည်းရှိတဲ့သူက ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်က လက်ခံလိုက်တာဟာ ထူးခြားမှုတခုလည်း ဖြစ်ပါတယ်။

တရားစီရင်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းရဲ့ အဓိက အချက်ကတော့ ဖွဲ့စည်းပုံ အခြေဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း ပြည်သူတွေရဲ့ မူလအခွင့်အရေးရ ရှိဖို့ဖြစ်တယ် လို့ ဦးသိန်းညွှန့်က ရှင်းပြပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့် ကတော့ တရားသူကြီးတွေ တာဝန်လက်ခံတဲ့အခါ တကြိမ်သာ ကျမ်းသစ္စာ ကျိန်ဆိုဖို့လိုမယ်ဆိုတဲ့ ကွဲလွဲချက်တော့ရှိနေတဲ့ အကြောင်း ထောက်ပြပြောကြားခဲ့ပါတယ်။

ဒီကွဲလွဲချက်တွေကို ဦးသိန်းညွှန့်တင်ထားတဲ့ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်မှာ စိတ်ဝင်စားတဲ့ ပြည်သူ့လွှတ်တော် အမတ်တွေက လွှတ်တော်မှာ ဆွေးနွေးကြရဦးမှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။