BBC navigation

ကချင်ဒေသ ငြိမ်းချမ်းရေး လမ်းလျှောက်ဆန္ဒ ဖေါ်ထုတ်

နောက်ဆုံး ရေးသားချိန် 22 ဇန်နဝါရီလ 2013 - 00:34 GMT

လိုင်ဇာမြို့အထိ ခြေလျင်လျှောက်ဖို့ ဆူးလေဘုရားကနေ စထွက်ခွာခဲ့ကြ

ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ ရည်ရွယ်ပြီး ရန်ကုန်မြို့ကနေ စစ်ပွဲတွေ ဖြစ်ပွားနေရာ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ လမ်းလျှောက် ဆန္ဒ ထုတ်ဖေါ်မှုကို ဇန်နဝါရီလ ၂၁ရက် မနက်က စတင်လိုက်ပါတယ်။

ဒီငြိမ်းချမ်းရေး လမ်းလျှောက်မှုကို ရန်ကုန်မြို့က ငြိမ်းချမ်းရေး လိုလားသူ အမာခံ လူငယ် ၂၀ကျော်နဲ့ သံဃာ ၄ပါး ဦးဆောင်ပြီး ဆူးလေဘုရားကနေ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

အာဏာပိုင်တွေဘက်က စောင့်ကြည့်တာမျိုး၊ မေးမြန်းတာမျိုး ရှိပေမယ့် တားဆီးနှောင့်ယှက်တာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

သွားရမယ့် ခရီးက ဝေးကွာလှပေမယ့် လမ်းမှာ ရင်ဆိုင် ကြုံတွေ့ရမယ့် ဒုက္ခက စစ်ဘေးဒဏ် ခံရတဲ့ ဒုက္ခသည်တွေရဲ့ ဒုက္ခထက် အများကြီး ပိုနည်းပါတယ်လို့ ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့ အဖွဲ့က ကိုစည်သူက ဘီဘီစီကို ပြောပါတယ်။

လမ်းတလျှောက်မှာ ပြည်သူတွေ ဘယ်လောက် ပူးပေါင်း ပါဝင်လာမလဲ၊ တိုက်ခိုက်မှုတွေ လုပ်နေတဲ့ နှစ်ဘက် သက်ဆိုင်သူတွေက ပြည်သူတွေရဲ့ အသံကို ဘယ်လောက် လိုက်လျော ဆောင်ရွက်မလဲဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။