BBC navigation

UNFC ညီလာခံ လေးရက်ကြာ ကျင်းပ

နောက်ဆုံး ရေးသားချိန် 8 ဇန်နဝါရီလ 2013 - 01:51 GMT
_unfc_304x171_bbc_

UNFC ဒုတိယ ညီလာခံ ကျင်းပ

တိုင်းရင်းသား အဖွဲ့ ၁၁ ဖွဲ့ နဲ့ မဟာမိတ် ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ရဲ့ ဒုတိယ အကြိမ်မြောက် ညီလာခံ ကို ထိုင်းမြန်မာ နယ်စပ် တနေရာ မှာ ကျင်းပနေပါတယ်။

ဒီအဖွဲ့ထဲ မှာ ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံး၊ ကေအိုင်အို ကချင်လွတ်လပ်ရေး အဖွဲ့၊ ရှမ်းပြည် တပ်မတော် စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပါဝင်ကြပါတယ်။

လေးရက်ကြာ ကျင်းပနေတဲ့ အခု အစည်းအဝေး မှာ ပထမ နေ့က ဆွေးနွေးချက်တွေ နဲ့ ပတ်သက်ပြီး UNFC တွဲဘက် အတွင်းရေးမှူး ဖြစ်တဲ့ ခွန်ဥက္ကာ က ကချင်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲရပ်ဆိုင်းရေး ပါဝင်တဲ့ အကြောင်း၊ နိုင်ငံရေး ပြဿနာ ကို နိုင်ငံရေး အရ ဆွေးနွေး အဖြေရှာတဲ့ နည်း ကိုသာ ကိုင်ဆွဲထားကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

အဖွဲ့ပေါင်းစုံ အနေနဲ့ အစိုးရ နဲ့ ဆွေးနွေးရေး အပိုင်းမှာ အခုလို UNFC အဖွဲ့ဝင် ကချင် လွတ်လပ်ရေး အဖွဲ့ တိုက်ခိုက်ခံ နေရတဲ့ အချိန်မှာ ဖြစ်နိုင်စရာ အကြောင်း မရှိသေးတဲ့ အတွက် ကြိုတင်ပြင်ဆင်မှု သာ လုပ်ထားကြတဲ့ အကြောင်း ပြောပါတယ်။

ဒီညီလာခံ ကို အထူးဧည့်သည်တော် အနေနဲ့ နီပွန် ဖေါင်ဒေးရှင်း က ဥက္ကဌ ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောပုံ၊ သူတို့ အနေနဲ့ ပဋိပက္ခ ကြောင့် အတိဒုက္ခ ရောက်နေကြတဲ့ ဒုက္ခသည် တွေ ကို အကူအညီပေး ဖို့ UNFC နဲ့ ပူးပေါင်း လုပ်ဆောင်မယ့် အကြောင်း ပြောတာကို ခွန်ဥက္ကာ က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။