BBC navigation

ကချင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်

နောက်ဆုံး ရေးသားချိန် 8 ဇန်နဝါရီလ 2013 - 16:12 GMT
KIA Kachin

KIA ကချင်တပ်သားများ

ကချင်ပြည်နယ်တွင်းမှာ အစိုးရတပ်တွေနဲ့ ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို အစိုးရတပ်ဘက်က လေကြောင်းက တိုက်ခိုက်မှု တွေလည်း ဆက်လုပ် နေတယ်လို့ သိရပါတယ်။

ကေအိုင်အို ဌာနချုပ် လိုင်ဇာအနီးက ‘လဂျားယန်’ ဒေသ တောင်ကြော တဝိုက်ကို အင်္ဂါနေ့က တိုက်လေယာဉ် ၂ စီးနဲ့ ၂ ကြိမ် လာရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်လေယာဉ်နဲ့ မနက်ပိုင်းက တကြိမ် နေ့လည် ၃ နာရီလောက်မှာ တကြိမ် တိုက်ခိုက်ခဲ့ပြီး တနင်္လာနေ့ကလည်း တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အစိုးရစစ်တပ်ဖက်ကနေ မြေပြင် ထိုးစစ်အနေနဲ့လဲ ဆက်လက် လုပ်ဆောင်နေရာမှာ ဒီဇင်ဘာ (၃ဝ)ရက်နေ့က ရရှိ သိမ်းပိုက် နိုင်ခဲ့တယ်လို့ ကြေညာထားတဲ့ လဂျားယန် အနီးက ပွိုင့် (၇၇၁ ) တောင်ကုန်းအနီးက နောက်ထပ် တောင်ကုန်းတခုကို ဆက်လက် သိမ်းနိုင်ဖို့ တိုက်ခိုက် နေတယ် လို့လည်း သိရပါတယ်။

လိုင်ဇာအနီးမှာ လက်နက်ကြီး ကျည်တွေ ကျရောက်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အခု ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ KIA ရုံးချုပ်နဲ့ သိပ်မဝေးတဲ့နေရာမှာ ဖြစ်နေတာကြောင့် အပြန်အလှန် တိုက်ခိုက်မှုတွေဟာ ပိုမို ပြင်းထန်လာနိုင်စရာ ရှိတယ်လို့ တရုတ်မြန်မာ နယ်စပ်က ဘီဘီစီ သတင်းထောက်က သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။