BBC navigation

စပစ်တ်ဖိုင်းယား တိုက်လေယာဉ် ရှာဖွေမှုစတင်

နောက်ဆုံး ရေးသားချိန် 7 ဇန်နဝါရီလ 2013 - 11:55 GMT

ရန်ကုန် လေဆိပ်မှာ တိုက်လေယာဉ် အစင်း ၃၀ ကျော် တူးဖေါ် ရရှိ နိုင်မယ်လို့ မျှော်လင့်ရ

ဒုတိယ ကမ္ဘာစစ် အပြီး မြန်မာ နိုင်ငံမှာ ဗြိတိသျှ စစ်တပ် ကနေ မြှုပ်ထား ခဲ့တဲ့ စပစ်တ်ဖိုင်းယား (Spitfire) တိုက်လေယာဉ်တွေ တူးဖေါ်ဖို့ အတွက် ဗြိတိသျှ ရှေးဟောင်း သုတေသန ပညာရှင်တွေနဲ့ လေကြောင်း သိပ္ပံပညာရှင်တွေ ပါဝင်တဲ့ ဗြိတိန်က အဖွဲ့ တဖွဲ့ဟာ စမ်းသပ်မှုတွေ ကို စတင် နေပြီ ဖြစ်ပါတယ်။

ဒီလေယာဉ်ပျံတွေ မြှုပ်ထားတဲ့ အကြောင်း သိရှိ သူတွေရဲ့ ပြောပြချက်နဲ့ သတ္တုဗေဒ စမ်းသပ်မှုတွေ အရ ဒီလေယာဉ်တွေကို ကုန်သေတ္တာ တွေထဲ ထည့်ပြီး ရန်ကုန် လေဆိပ်မှာ မြှုပ်ထားတယ်လို့ ဆိုပါတယ်။

ရန်ကုန် လေဆိပ်မှာ တိုက်လေယာဉ် အစင်း ၃၀ ကျော် တူးဖေါ် ရရှိ နိုင်မယ်လို့ တူးဖေါ်ရေး အဖွဲ့က မျှော်လင့်နေ ပါတယ်။

လေယာဉ်တွေကို မတပ်ဆင်ရ သေးပဲ အပိုင်းလိုက် မြှုပ်ထားတာ ဖြစ်ပြီး၊ မြန်မာ နိုင်ငံမှာ စုစုပေါင်း အစင်းရေ ၁၂၀ ကျော် ရှိမယ်လို့ ယူဆရ ပါတယ်။

အဲဒီ အချိန်တုန်းက အသုံးပြုဖို့ လိုအပ်နေတာ ထက်ကို ပိုနေတဲ့ အတွက် အခုလို မြှုပ်ထားခဲ့တာ လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။