BBC navigation

သတင်းစာထုတ်နိုင်ဖို့ လမ်းပြမြေပုံစာအုပ်ထုတ်

နောက်ဆုံး ရေးသားချိန် 1 ဇန်နဝါရီလ 2013 - 15:29 GMT
သတင်းစာတစောင် ထုတ်လုပ်ပုံတွေပါပါဝင်တဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့ သတင်းစာ အခြေခံလုပ်ဆောင်မှု စာအုပ်ကို အစိုးရက ဖွဲ့စည်းပေးထားတဲ့ အများပြည်သူဝန်ဆောင်မှု သတင်းစာ အုပ်ချုပ်ရေးအဖွဲ့က ခုရက်ပိုင်း အတွင်းမှာပဲ တရားဝင် ထုတ်ပြန် ရောင်းချနေပါတယ်။  သတင်းစာတွေဟာ ပြည်ထောင်စု ပြိုကွဲစေမယ့် ကိစ္စတွေ၊ အချုပ်အခြာ အာဏာကို ထိပါးစေမယ့် သတင်းနဲ့ ဓာတ်ပုံတွေ မဖော်ပြရဘူးဆိုတဲ့ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်က အကြိမ်ကြိမ် ကျော့ပြောခဲ့တဲ့ စည်းကမ်းတွေ ပါသလို၊ တရားရုံးရောက်လို့ သတင်းရင်းမြစ်ကို တရားသူကြီးက မေးလို့ မဖြေခဲ့ရင် တရားရုံး မထီမဲ့မြင်ပြုမှုနဲ့ အရေးယူခံရမယ် ဆိုတဲ့ အငြင်းပွားဖွယ်ရာ အချက်တွေလည်း ပါနေတာကို တွေ့ရပါတယ်။  ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်ကတော့ သူတို့ဟာ သတင်းစာတစောင်ကို ဘယ်လို စနစ်တကျ ထုတ်ဝေရသလဲ ဆိုတာကိုသာ အခြေခံ သဘော ပြောထားတာဖြစ်ပြီး၊ တကယ့် အဆုံးအဖြတ်တွေကတော့ သက်ဆိုင်ရာ သတင်းစာ အယ်ဒီတာတွေရဲ့ တာဝန်ပဲ ဖြစ်တယ်လို့ ပြောထားပါတယ်။  ဒီစည်းကမ်းတွေထဲမှာ သတင်းစာတွေမှာ ဥပဒေအကြံပေးတွေ ထားကြဖို့၊ သတင်းစာ လုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါမှာလည်း ဥပဒေအကြံဉာဏ်တွေ ယူကြဖို့ကို အကြိမ်ကြိမ် သတိပေး ပြောထားတာ ဖြစ်ပါတယ်။  အစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဧပြီ ၁ ရက်ကစလို့ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် ပေးမယ်လို့ ပြောထားပါတယ်။

သတင်းစာတစောင် ဘယ်လို ထုတ်ဝေနိုင်တယ်ဆိုတဲ့ စည်းကမ်း၊ နည်းလမ်း ရေးထားတဲ့ စာအုပ်ရောင်း

သတင်းစာတစောင် ထုတ်လုပ်ပုံတွေ ပါပါဝင်တဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့ သတင်းစာ အခြေခံလုပ်ဆောင်မှု စာအုပ်ကို အစိုးရက ဖွဲ့စည်းပေးထားတဲ့ အများပြည်သူ ဝန်ဆောင်မှု သတင်းစာ အုပ်ချုပ်ရေးအဖွဲ့က ခုရက်ပိုင်း အတွင်းမှာပဲ တရားဝင် ထုတ်ပြန် ရောင်းချနေပါတယ်။

သတင်းစာတွေဟာ ပြည်ထောင်စု ပြိုကွဲစေမယ့် ကိစ္စတွေ၊ အချုပ်အခြာ အာဏာကို ထိပါးစေမယ့် သတင်းနဲ့ ဓာတ်ပုံတွေ မဖော်ပြရဘူးဆိုတဲ့ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်က အကြိမ်ကြိမ် ကျော့ပြောခဲ့တဲ့ စည်းကမ်းတွေ ပါသလို၊ တရားရုံးရောက်လို့ သတင်းရင်းမြစ်ကို တရားသူကြီးက မေးလို့ မဖြေခဲ့ရင် တရားရုံး မထီမဲ့မြင်ပြုမှုနဲ့ အရေးယူခံရမယ် ဆိုတဲ့ အငြင်းပွားဖွယ်ရာ အချက်တွေလည်း ပါနေတာကို တွေ့ရပါတယ်။

ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်ကတော့ သူတို့ဟာ သတင်းစာတစောင်ကို ဘယ်လို စနစ်တကျ ထုတ်ဝေရသလဲ ဆိုတာကိုသာ အခြေခံ သဘော ပြောထားတာဖြစ်ပြီး၊ တကယ့် အဆုံးအဖြတ်တွေကတော့ သက်ဆိုင်ရာ သတင်းစာ အယ်ဒီတာတွေရဲ့ တာဝန်ပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီစည်းကမ်းတွေထဲမှာ သတင်းစာတွေမှာ ဥပဒေအကြံပေးတွေ ထားကြဖို့၊ သတင်းစာ လုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါမှာလည်း ဥပဒေအကြံဉာဏ်တွေ ယူကြဖို့ကို အကြိမ်ကြိမ် သတိပေး ပြောထားတာ ဖြစ်ပါတယ်။

အစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဧပြီ ၁ ရက်ကစလို့ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် ပေးမယ်လို့ ပြောခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။