BBC navigation

အကယ်ဒမီ ရန်ကုန်မှာ ကျင်းပမယ်

နောက်ဆုံး ရေးသားချိန် 30 ဒီဇင်ဘာလ 2012 - 02:53 GMT
movie

တစ်ပြေးနေတဲ့ ထာဝရ အလင်းတန်း

မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကို တနင်္ဂနွေနေ့ ညနေမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ခါတိုင်းလို နေပြည်တော်မှာ ပေးမှာမဟုတ်ဘဲ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံမှာ ကျင်းပမှာဖြစ်ပါတယ်။

ဒီနှစ်ပွဲဟာ ခါတိုင်းလို ပြန်ကြားရေး ဝန်ကြီးဌာန ရုပ်ရှင်လုပ်ငန်း တခုတည်းက ဦးစီးတာ မဟုတ်ဘဲ အနုပညာရှင်တွေ ကိုယ်တိုင် ပါ၀င်ဦးဆောင် တဲ့ပွဲဖြစ်လို့ ခါတိုင်းနဲ့မတူ ထူးခြားနိုင်ပါတယ်။

ရန်ကုန်မှာ လုပ်လို့ နေပြည်တော် သွားရတာထက် စရိတ်စက သက်သာသွားတယ်၊ ခါတိုင်းနဲ့ မတူ ရုပ်ရှင် လောကသားတွေနဲ့ တိုင်ပင် လုပ်တယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီ ဇင်ဝိုင်းက ဘီဘီစီကို ပြောပါတယ်။

၂ဝ၁၂ ခုနှစ် အတွက် လုပ်မယ့်ပွဲမှာတော့ ရုပ်ရှင် လောကက ကြီးမှူးလုပ်မယ်လို့လဲ ဇင်ဝိုင်းက ပြောပါတယ်။

ဒီနှစ်ပေးမယ့် အကယ်ဒမီပွဲဟာ ၂၀၁၁ ခုနှစ်အတွင်းရုံတင်ပြသခဲ့တဲ့ ဇာတ်ကား ၁၅ကားထဲကနေ နောက်ဆုံး ဆန်ကာတင် ၅ကားကို ရွေးထုတ်ပြီး ဒီထဲက ထူးချွန်တဲ့ ဇာတ်ဆောင်တွေ ပညာရှင်တွေကို အကောင်းဆုံး အကယ်ဒမီဆု ၁၁ ဆုပေးမှာ ဖြစ်ပါတယ်။

ထာဝရ အလင်းတန်းများနဲ့ ပန်းကြာဝတ်မှုန် စတဲ့ မန္တလေး နောက်ခံ အချစ် အလွမ်း ဇာတ်ကားတွေထဲက နောင်နောင်၊ သက်မွန်မြင့်၊ လူမင်း စသူတွေ ရနိုင်တယ်လို့ အလင်းတန်းနဲ့ ရွှေအမြုတေမဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဦးဝင်းငြိမ်း ယူဆပါတယ်။

အကယ်ဒမီများရှင် ထွန်းအိန္ဒြာဗိုလ် ကတော့ သူရမယ်လို့ မမျှော်လင့်ဘူးလို့ ပြောသွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။