BBC navigation

ရန်ကုန် တက္ကသိုလ် မွမ်းမံရေး စတော့မယ်

နောက်ဆုံး ရေးသားချိန် 27 ဒီဇင်ဘာလ 2012 - 17:29 GMT

အခမ်းအနား စဖွင့်တယ် ဆိုရင်ပဲ အလှူငွေ သိန်း ၇၅၀ ကျော် ရရှိခဲ့

မြန်မာ နိုင်ငံ လွတ်လပ်ရေး သမိုင်း နဲ့ နိုင်ငံရဲ့ အရေးပါတဲ့ သမိုင်း ဖြစ်စဉ်တွေ မှာ အဓိက ပါဝင်ခဲ့ တဲ့ ရန်ကုန် တက္ကသိုလ်ကို မွမ်းမံဖို့ နဲ့ အဆင့်မြင့် တက္က သိုလ် ဖြစ်ရေး လုပ်ငန်းကို မကြာခင် စတင်တော့ မယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်မှာ ကျင်းပတဲ့ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကွန်ယက်၂ နှစ် ပြည့် ရန်ပုံငွေ ကောက်ခံပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြော ကြားသွားတာ ဖြစ်ပါတယ်။

အခြေ အနေ အရ အလွယ်ဆုံးနဲ့ အထိ ရောက်ဆုံး လုပ်နိုင်မှာ ဖြစ်လို့ ရန်ကုန် တက္ကသိုလ်ကို စတင် မွမ်းမံရမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းကြည် က ပြောကြား ပါတယ်။

ဒီပွဲကို သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းလည်း တက်ရောက် ခဲ့ပြီး၊ အခမ်း အနား စဖွင့်တယ် ဆိုရင်ပဲ အလှူငွေ သိန်း ၇၅၀ ကျော် ရရှိ ခဲ့ပါတယ်။

ရန်ကုန် တက္ကသိုလ် ပြုပြင်ရေး အဆိုကို ဒေါ်အောင်ဆန်း စုကြည်က လွှတ်တော်မှာ တင်ခဲ့တုန်းက၊ သီးခြား အဖွဲ့ မလိုအပ်ကြောင်း ပညာရေး ဝန်ကြီးက ကန့်ကွက် ခဲ့ပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုဟာ ထောက်ခံမဲ ၂၄၈၊ ကန့်ကွက်မဲ ၆၄ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

၂ ရက်ကြာ ကျင်းပ ပြုလုပ်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကွန်ယက်ရဲ့ ၂ နှစ်ပြည့် ရန်ပုံငွေ ပွဲ မှာ ဒေါ် အောင်ဆန်းကြည် ရဲ့ အမှတ် တရ ပစ္စည်း ၂ ခု ကို လေလံပစ်မှာ ဖြစ်သလို၊ နာမည် ကျော် Lazy Club၊ ရွှေသံစဉ် စတဲ့ ဝိုင်းများ အပါဝင် တရက်ကို ၅ ဝိုင်း ဖျော်ဖြေမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။