BBC navigation

ရခိုင် တိုင်းရင်းသား ပါတီကို ကော်မရှင် သတိပေး

နောက်ဆုံး ရေးသားချိန် 26 ဒီဇင်ဘာလ 2012 - 16:26 GMT
Rakhine conflict

ရခိုင်ပြည်နယ် ပဋိပက္ခတွင် မီးရှို့ခံရသော ရွာတရွာ

ရခိုင်ပြည် ကျောက်နီမော်မှာ မုဒိန်းကျင့် သတ်ဖြတ် ခံခဲ့ရတဲ့ မသီတာထွေးရဲ့ ရုပ်ပုံနဲ့ ပြက္ခဒိန်ထုတ်တဲ့ ကိစ္စ အပါအဝင် ရခိုင် တိုင်းရင်းသား တိုးတက်ရေးပါတီက ပါတီတွင်း ပြုလုပ်ခဲ့တဲ့ ကိစ္စ တချို့ကြောင့် ဥက္ကဌ ဒေါက်တာ အေးမောင်၊ ပါတီ အတွင်းရေးမှူးလည်းဖြစ် တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီးလည်းဖြစ်တဲ့ ဦးဇော်အေးမောင် အပါအဝင် ပါတီ တာဝန်ရှိသူ ၅ ယောက်ကို နေပြည်တော်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူ သတိပေးခဲ့ပါတယ်။

၂၀၁၃ ခုနှစ် ပြက္ခဒိန်ကို ရခိုင် တိုးတက်ရေး ပါတီက ရခိုင် ပဋိပက္ခ ဖြစ်ပွား အစပျိုးခဲ့ရာ မီးတောက်သဖွယ် ဖြစ်တဲ့ သေဆုံးခဲ့သူ မသီတာထွေးရဲ့ ဓါတ်ပုံနဲ့ ထုတ်ဝေတာကို ဘာရည်ရွယ်ချက်နဲ့ ထုတ်ဝေသလဲလို့ ကော်မရှင်က မေးမြန်းခဲ့ကြောင်း ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးမြင့်နိုင်က ဘီဘီစီကို ပြောပြပါတယ်။

ရခိုင်ဘုရင် နန်းကျတဲ့ အထိမ်းအမှတ်နေ့ ပြုလုပ်တာကိုလည်း မလုပ်ဖို့ ကော်မရှင်က တားမြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်တိုးတက်ရေးပါတီရဲ့ သတင်းစာမှာ ရခိုင်ပြည်နယ်ကြီး ပြိုကွဲလျှင် ဆိုတဲ့ ဆောင်းပါးကို ဖော်ပြခဲ့ရာမှာလည်း ဆောင်းပါးထဲမှာ မွတ်ဆလင် ဆန့်ကျင်ရေး ပါဝင်တယ်ဆိုပြီး တားမြစ် သတိပေးခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။