BBC navigation

ကချင်ပြည်နယ်မှာ ခရစ်စမတ်စ် မှာလည်း တိုက်ပွဲတွေဖြစ်ဆဲ

နောက်ဆုံး ရေးသားချိန် 25 ဒီဇင်ဘာလ 2012 - 15:02 GMT
_kachin_kia_

ကေအိုင်အေ တပ်ဖွဲ့ဝင်များ

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက အုပ်ချုပ်ရေးကိစ္စ တွေဆောင်ရွက်ဖို့ လဂျားယန် လမ်းကြောင်းပေါ်က ကေအိုင်အေ တပ်ဖွဲ့တွေ ဒီဇင်ဘာ ၂၅ နောက်ဆုံးထားပြီး ဆုတ်ခွာ ဖယ်ရှားပေးဖို့ စာထွက်လာတဲ့ နောက်မှာ အဲဒီ နောက်ဆုံး သတ်မှတ်ရက် ဖြစ်တဲ့ ခရစ်စမတ်စ် နေ့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပါတယ်။

ကေအိုင်အို ဌာနချုပ် လိုင်ဇာနဲ့ ၇ မိုင်ကျော် လောက်ပဲ ဝေးတဲ့ လဂျားယန် ဘက်မှာ လက်နက်ကြီး ကျည်တွေ ကျရောက် ပေါက်ကွဲ နေပါတယ်။ မနက် ၁၀ နာရီ လောက်က စပြီး ဒေါ့ဖုန်းယန်က အစိုးရ စစ်စခန်းဘက်ကနေ လဂျားယန် ဘက်ကို လှမ်းပြီး လက်နက်ကြီး တွေနဲ့ ပစ်နေခဲ့တာ ဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ ဒေါ့ဖုန်းယန် ဘက်ကနေ လိုင်ဇာဘက်ကို ဦးတည်နေတဲ့ လမ်းကြောင်း ပေါ်မှာ ရှိတဲ့ တပ်စခန်းငယ် တွေရှိတဲ့ နေရာ ၂ နေရာလောက်မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့တွေက တိုက်ခိုက် လာတဲ့ အတွက် အဲဒီနေရာ တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။