BBC navigation

ထုတ်တင်ပြောင်းလိုက်တဲ့ စီစစ်ရေး သက်ရောက်မှု

နောက်ဆုံး ရေးသားချိန် 25 ဒီဇင်ဘာလ 2012 - 01:03 GMT

အပတ်စဉ်ထုတ် မြန်မာ ဂျာနယ် စာစောင်များ

မြန်မာနိုင်ငံမှာ စာပေစီစစ်ရေး မရှိဘဲ သတင်းဂျာနယ်တွေ ထွက်နေတာ ပြီးခဲ့တဲ့ သြဂုတ်လထဲ ကစပြီး အခု ဆိုရင် ၄ လကျော် ရှိလာပြီ ဖြစ်ပါတယ် ။

ဂျာနယ် အယ်ဒီတာတွေရဲ့ သတင်း တင်ဆက်မှုနဲ့ အကျိုးအမြတ် ပိုကောင်း လာသလား ဆိုတာကို မေးမြန်းကြည့်တော့ ရန်ကုန်က သတင်း ဂျာနယ် ထုတ်ဝေသူတွေ အယ်ဒီတာတွေ ကတော့ စာပေ စီစစ်ရေး မရှိတော့တဲ့ အတွက် လွတ်လွတ်လပ်လပ် သတင်းတင်ပြမှု ပေါ်မှာ ဌာနဆိုင်ရာ အသင်းအဖွဲ့ တွေက ဂျာနယ်တွေ အပေါ် အပုပ်ချ ဝေဖန်တာတွေ အထင်လွဲတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သတင်း ရေးသား တင်ပြရတာ လွတ်လပ်မှုတွေ ပိုရှိလာတယ် သတင်းတွေ ပိုမြန်လာတယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီရဲ့ အတွင်းရေးမှူး ကိုကျော်မင်းဆွေ က ပြောပါတယ်။


မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲရေး ဖြစ်စဉ်မှာ အစိုးရ ပြောင်းနေပေမဲ့ အစိုးရထဲမှာ မပြောင်းလဲ လိုသူ အခုအခံတွေ ရှိနေတာ တွေရတဲ့ အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအထိ သတင်းဂျာနယ် တွေအပေါ် မှာ တရားစွဲ ဆိုတာတွေ ရှိနေပါတယ်၊ စာပေ စီစစ်ရေး မရှိတဲ့ အတွက် သတင်း တင်ဆက်မှုတွေ မြန်လာတာ သေချာပါတယ်လို့ Myanmar Independents news ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးမြင့်ငြိမ်းက ဆိုပါတယ်။

ဂျာနယ်တွေဟာ စာပေစိစစ်ရေး မရှိလို့ မြိုင်မြိုင်ဆိုင်ဆိုင် ဖော်ပြ နေနိုင်ပေမဲ့လည်း နိုင်ငံပိုင် သတင်းစာမှာ ထည့်တဲ့ သတင်းတွေ အပေါ်မှာ အထင်မြင် လွဲမှားအောင် တည်းဖြတ် ခံနေရတာ ရှိနေသေးတယ်လို့ ဦးမျိုးမြင့်ငြိမ်းက ပြောပါတယ်။

သတင်းဂျာနယ် တွေရဲ့ အကျိုးအမြတ်ဟာ သိသာလာပြီး သတင်းထောက်တွေ အယ်ဒီတာတွေရဲ့ ခံစားခွင့်တွေဟာ အရင်ကထက် သိသိသာသာ တိုးတက်လာတယ် လို့လည်း ရန်ကုန်က အယ်ဒီတာတွေက ပြောကြပါတယ်။


ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ သတင်းဂျာနယ် လောကမှာလည်း သတင်းထောက်နဲ့ တက်ကြွ လှုပ်ရှားသူတွေဟာ ရောထွေး နေတဲ့အတွက် ကျင့်ဝတ်ပိုင်း ဆိုင်ရာနဲ့ မျှတမှုရှိအောင် ရေးတဲ့ နေရာမှာ အားနည်း နေစဲဖြစ်ပြီး ရှေ့လျှောက် တရားစွဲတာ ပိုများ လာ မယ်လို့လည်း ဝါရင့် အယ်ဒီတာတွေက ခန့်မှန်း ပြောဆိုကြပါ တယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။