BBC navigation

မဲဆောက် မြို့မှာ ဒေါ်လာ အတုဂိုဏ်း ဖမ်းမိ

နောက်ဆုံး ရေးသားချိန် 24 ဒီဇင်ဘာလ 2012 - 16:09 GMT

ဒေါ်လာ အတု တရာတန် အရွက် ၄၅၀၀ နဲ့ ကားနှစ်စီးကို ထိုင်း ရဲက သိမ်းဆည်း လိုက်

ထိုင်းနိုင်ငံသား တွေနဲ့ မြန်မာ နိုင်ငံသားတွေပါ ပါတဲ့၊ အမေရိကန် ဒေါ်လာ အတုဂိုဏ်း တဂိုဏ်းကို မဲဆောက် မြို့မှာ ဖမ်းဆီး မိလိုက် ပါတယ်။

အဖမ်း ခံရတဲ့ သူတွေဟာ မြန်မာ နိုင်ငံသား ကိုမောင်ဦးလှိုင်နဲ့ ထိုင်း အမျိုးသမီး ဖွိုင်ဖောင်ဖန် ဖန်ထဆီရီ ဆိုတဲ့သူ နှစ်ယောက် ဖြစ်ပါတယ်။

နှစ်ယောက် စလုံးဟာ အသက် ၄၅ နှစ် အရွယ်တွေ ဖြစ်ကြပြီး၊ သူတို့ဆီ ကနေ အမေရိကန် ဒေါ်လာ အတု တရာတန် အရွက် ၄၅၀၀ နဲ့ ကားနှစ်စီးကို ထိုင်း ရဲက သိမ်းဆည်း လိုက်နိုင်ပါတယ်။

သူတို့ရဲ့ ကားတွေဟာ ထိုင်း လိုင်စင် အတုနဲ့ ဂျပန်ကျ တပတ်ရစ် ကားတွေ ဖြစ်နေ တာကို သောင်ရင်းမြစ် အနားက ကားစျေးကွက်မှာ စစ်ဆေး တွေ့ရှိတဲ့ အတွက် သူတို့ကို ရဲက ဖမ်းဆီး လိုက်တာပါ။

အဲဒီကား နှစ်စီး စလုံးကို အသေ အချာ ရှာဖွေ မှုတွေ လုပ်ခဲ့ရာ မှာတော့၊ အမေရိကန် ဒေါ်လာ ငွေစက္ကူ အသစ်တွေကို အများ အပြား တွေ့ခဲ့ ရတာ ကြောင့် ဒေါ်လာ ကျွမ်းကျင် သူနဲ့ စစ်ဆေး ကြည့်တဲ့ အခါမှာ အတုတွေ ဖြစ်နေတာ တွေ့ရ တယ်လို့ မဲဆောက် မြို့နယ် ရဲမှူးကြီးက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။