BBC navigation

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ချင်ကြောင်းပြော

နောက်ဆုံး ရေးသားချိန် 24 ဒီဇင်ဘာလ 2012 - 02:24 GMT
Daw Aung San Suu Kyi

ပြည်သူလူထု အတွက် အလုပ်လုပ်နိုင်ဖို့ ကျွန်မ သမ္မတ ဖြစ်ချင်တယ်။

ပြည်သူလူထု အတွက် အလုပ်လုပ် နိုင်ဖို့ သမ္မတ လုပ်ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့က တနင်္သာရီတိုင်း ကျွန်းစုမြို့မှာ လူထုကို မိန့်ခွန်းပြောကြားရမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။

ပြည်သူလူထု အတွက် အလုပ်လုပ် ပေးနိုင်ဖို့ရာ နိုင်ငံရေး အာဏာရဖို့ လိုကြောင်း သူ့အနေနဲ့ နိုင်ငံရေး အာဏာလိုချင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

၂၀၀၈ အခြေခံဥပဒေမှာတော့ ဒုတိယ သမ္မတရဲ့ အရည်အချင်းတွေကို သတ်မှတ်ထားရာမှာ စစ်ရေး အတွေ့အကြုံရှိသူ ဖြစ်ရမယ်လို့ ဆိုထားသလို ၊ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုထားသူ၊ နိုင်ငံခြားသား ခံယူထားတဲ့ သားသမီးရှိသူတွေကို ဒုတိယ သမ္မတ အဖြစ် အရွေးမခံနိုင်အောင် အရည်အချင်း ကန့်သတ်ထားပါတယ်။

ဒုတိယ သမ္မတ ၃ ယောက်ကို အရင် ရွေးချယ်ပြီး ဒုတိယ သမ္မတ ၃ ယောက်ထဲကမှ သမ္မတကို ထပ်မံ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒုတိယ သမ္မတ အရည်အချင်း မပြည့်မီသူဟာ သမ္မတ ဖြစ်ခွင့် မရှိပါဘူး။

ဒီတော့ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ အခွင့်အလမ်းကရော ဘယ်လောက်ဖြစ်နိုင်ချေရှိပါသလဲ။

လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာနှုန်းကျော်ရဲ့ ထောက်ခံချက်မရဘဲ အခြေခံဥပဒေကို ပြင်ဖို့ မဖြစ်နိုင်တဲ့ အတွက် အခြေခံဥပဒေ ပြင်ဆင်ရေးဟာ မလွယ်ကူဘူးလို့ ပြည်ပ အခြေစိုက် ဥပဒေပညာရှင် ဦးအောင်ထူးက ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ အခြေခံဥပဒေကို မပြင်ဆင်နိုင်ရင်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးဆိုတာဟာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။