BBC navigation

အလုပ်သမားရေး အတွက် ILO အရာရှိ ထိုင်းရောက်

နောက်ဆုံး ရေးသားချိန် 16 ဒီဇင်ဘာလ 2012 - 16:27 GMT

မစ္စတာ ဂိုင်း ရိုင်ဒါက ထိုင်း ဝန်ကြီးချုပ်ကို တင်ပြပြီး အကောင်းဆုံး ဆောင်ရွက်ပေး မယ်လို့ ကတိပေး

ထိုင်းနိုင်ငံက မြန်မာ ရွှေ့ပြောင်း အလုပ် သမား တွေကို ယာယီ နိုင်ငံကူး လက်မှတ် လုပ်ပေးတဲ့ နောက်ဆုံးရက် ကျော်လွန်သွားပြီ ဖြစ်တာ ကြောင့် ကျန်နေတဲ့ အလုပ် သမားတွေ အတွက် ကမ္ဘာ့ အလုပ်သမားအဖွဲ့ ILO နဲ့ မြန်မာ အလုပ်သမား အရေး ဆောင်ရွက်သူတွေ ထိုင်းအစိုးရနဲ့ ကြိုးစား ညှိုနှိုင်း နေကြပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့ဟာ ယာယီ နိုင်ငံကူး လက်မှတ် လုပ်ဖို့ အတွက် နောက်ဆုံးရက် ဖြစ်ပြီး၊ မလုပ်ရသေးတဲ့ အလုပ်သမားတွေကို မြန်မာ နိုင်ငံကို ပြန်ပို့ မယ်လို့ ထိုင်း အစိုးရက ကြေညာထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO ရဲ့ ညွှန်ကြားရေးမှူးချုပ် ဂိုင်း ရိုင်ဒါ ကိုယ်တိုင် ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်ရှိ နေပြီး၊ သူဟာ ဘန်ကောက်နဲ့ အနီး ပတ်ဝန်းကျင်က မြန်မာ ရွှေ့ပြောင်း အလုပ်သမား အရေးဆောင် ရွက်နေတဲ့ အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

မစ္စတာ ရိုင်ဒါနဲ့ တွေ့ဆုံ ခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ် သမားများ အခွင့် အရေး ကွန်ယက်အဖွဲ့ MWRN ဥက္ကဌ ကိုအောင်ကျော်က တရားမဝင် မြန်မာ အလုပ် သမား တွေ အတွက် အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် စီစဉ် ဆောင်ရွက်ပေး ဖို့ မစ္စတာ ရိုင်ဒါကို တိုက်တွန်း ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီလို့ တိုက်တွန်းချက် တွေကို မစ္စတာ ဂိုင်း ရိုင်ဒါက ထိုင်းဝန်ကြီးချုပ်ကို တင်ပြပြီး အကောင်းဆုံး ဆောင်ရွက်ပေး မယ်လို့ ကတိပေး သွားတယ်လို့ ဆိုပါတယ်။

ယာယီ နိုင်ငံကူး လက်မှတ် မရှိသေးတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းပြီး မြန်မာ နိုင်ငံကို ပြန်ပို့မယ် ဆိုတဲ့ သတင်း တွေ ကြောင့်၊ ထိုင်း လုပ်ငန်း ရှင်တွေ ကလည်း သူတို့ အလုပ်တွေ ထိခိုက်မှာကို စိုးရိမ် နေကြပါတယ်။

မစ္စတာ ဂိုင်း ရိုင်ဒါဟာ တနင်္ဂနွေနေ့မှာ ထိုင်းနိုင်ငံ၊ မဟဒ်ချိုင် ခရိုင်က ထိုင်း လုပ်ငန်းရှင်တွေနဲ့ သွားပြီး ဆွေးနွေးခဲ့ ပေမယ့် ဘာတွေ ဆွေးနွေးခဲ့ကြတယ် ဆိုတာကိုတော့ နှစ်ဖက် စလုံးက ထုတ်ပြန် ပြောကြားခြင်း မရှိပါ။

ယာယီ နိုင်ငံကူး လက်မှတ် ရထားတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ် သမားတွေ တောင် အလုပ် သမား အခွင့် အရေးတွေ ဆုံးရှုံး နေဆဲမို့၊ မဲဆောက်မှာ ပြုလုပ်တဲ့ ကမ္ဘာ့ ရွှေ့ပြောင်း အလုပ်သမားနေ့ ပညာပေး လှုံ့ဆော်ပွဲ မှာ မြန်မာ အလုပ်သမား တွေဟာ အလုပ်နဲ့ ညီမျှတဲ့ လုပ်အားခနဲ့ အခွင့်အရေးတွေ ပြန်ပေးပါ ဆိုတဲ့ ပိုစတာတွေ ကိုင်ပြီး စီတန်းလှည့်လည်ခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။