BBC navigation

လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းရေးကော်မရှင် သတင်းထုတ်ပြန်

နောက်ဆုံး ရေးသားချိန် 16 ဒီဇင်ဘာလ 2012 - 16:18 GMT

ရဲတပ်ဖွဲ့ရဲ့ အင်အားသုံး ဖြိုခွဲမှုအတွင်း ဆန္ဒပြ သံဃာ အတော်များများ မီးလောင်ဒဏ်ရာရခဲ့ကြ

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်တွင်းမှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ သပိတ်စခန်းတွေ ဖြိုခွဲခံခဲ့ရမှု ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးရေး ကော်မရှင်က ဒီဇင်ဘာလ ၁၅ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီ သတင်း ထုတ်ပြန်ချက်ထဲမှာ သပိတ်စခန်းတွေကို ရဲတပ်ဖွဲ့က မီးခိုးဗုံးတွေ အသုံးပြုပြီး လူစုခွဲ ဆောင်ရွက်ခဲ့တာကြောင့် သံဃာတော်တချို့နဲ့ လူပုဂ္ဂိလ် တချို့ ဒဏ်ရာ ရခဲ့ကြောင်းနဲ့ မီးလောင်ဒဏ်ရာရတဲ့ လူနာတွေအတွက် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးနေတာ တွေ့ရကြောင်း ဖေါ်ပြထားပါတယ်။

အဲဒီလို အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးနေမှုတွေမှာ လိုအပ်မှုတွေ ရှိရင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံ ဆက်သွယ် အကူအညီ တောင်းခံနိုင်တယ် လို့လည်း ဖေါ်ပြထားပါတယ်။

ဆန္ဒပြ သံဃာတော် အတော်များများ ရခဲ့တဲ့ မီးလောင်ဒဏ်ရာ တွေအရ အခင်းဖြစ်ပွားချိန်မှာ ရဲတပ်ဖွဲ့က မီးလောင်ဗုံး သုံးပြီး ဖြိုခွင်းခဲ့တယ်လို့ တချို့က ယူဆနေကြပါတယ်။

အခု သတင်းထုတ်ပြန်ချက်ထဲမှာ မီးခိုးဗုံးလို့ပဲ ဖေါ်ပြထားပြီး ဘယ်လို ဓါတု ပစ္စည်းတွေနဲ့ ဖေါ်စပ်ထားတယ်၊ ဘယ်နိုင်ငံက လုပ်တဲ့ မီးခိုးဗုံးတွေလဲ ဆိုတာကို အတိအကျ ပွင့်လင်း မြင်သာစွာ ဖေါ်ပြသင့်ကြောင်း၊ ဒါမှ ဓါတု ပညာရှင်တွေ အနေနဲ့လည်း စဉ်းစား သုံးသပ်နိုင်မှာ ဖြစ်ပြီး အဖြေတခုခု ထွက်လာနိုင်မယ်လို့ ယူဆကြောင်း စာရေးဆရာ ဓါတုဗေဒ ပညာရှင် ဒေါက်တာ ခင်မောင်ညိုက သုံးသပ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။