BBC navigation

မြန်မာဖက်က ထိုင်း၀င်လာတဲ့ ယာဘတွေ ဖမ်းမိ

နောက်ဆုံး ရေးသားချိန် 17 ဒီဇင်ဘာလ 2012 - 01:53 GMT

မြန်မာဖက်က စိတ်ကြွဆေးပြားသွင်းသူ မဲဆောက်မှာ မိ

ထိုင်းဖက်မှာ မူးယစ်ဆေးဝါးတွေကို အပြင်းအထန် နှိမ်နင်းနေချိန်မှာ မြန်မာနိုင်ငံဖက်ကနေ မူးယစ်ဆေးဝါးတွေ ထိုင်းဖက်ကို ၀င်လာမစဲ ဖြစ်နေပါတယ်။

ဒီဇဘာ ၁၆ ရက်တနင်္ဂနွေနေ့က မြန်မာနိုင်ငံ မြ၀တီမြို့ကနေ ထိုင်းနိုင်ငံမဲဆောက်ဖက်ကို ယာဘဆေးပြား ခိုးသွင်းလာသူတဲ့သူ တယောက်ကို ကူတိုးဆိပ်တခုမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်နိုင်ပါတယ်။

ကရင်ပြည်နယ် အိန္ဒု ရွာက စောလင်းလင်း ဆိုသူဟာ သူဝတ်ထားတဲ့ ဂျာကင်အောက်ထဲ လျှို့ဝှက် သယ်ဆောင်လာတာ ဖြစ်တယ်လို့ သိရပြီး သူ့ကို သောင်ရင်းမြစ်ရဲ့ မဲဆောက်ဖက် အခြမ်းမှာ ထိုင်းရဲက ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

သူ့အနေနဲ့ အခကြေးငွေ ယူပြီး သယ်ဆောင် ပေးတာ ဖြစ်ကြောင်း ထိုင်းရဲစခန်းမှာ ထွက်ဆိုသွားတယ်လို့ ဆိုပါတယ်။

အဲဒီ မြန်မာနိုင်ငံဖက်က မူးယစ်ဆေး ခိုးသွင်းမှုတွေကို အများအပြားကို ချင်းမိုင်နဲ့ ချင်းရိုင်း ဒေသတွေ ဆီက နေလည်း ခိုးသွင်းနေတယ်လို့ သိရပါတယ်။

လက်ကြီး ခိုးသွင်း သမားတွေကတော့ လက်နက်ကိုင်တွေနဲ့မို့ တခါတရံ ထိုင်းရဲနဲ့ ပြဿနာ တက်လေ့ ရှိတယ်လို့ ဆိုပါတယ်။

တခါ တခါ သွင်းရင် စိတ်ကြွဆေးပြား အရေအတွက် အလုံး ငါးထောင်ကနေ တသောင်းထိ ခိုးသွင်းလေ့ရှိတယ်လို့ သိရပါတယ်။

အဲဒီလို ခိုးသွင်း သူတွေက တကယ်ကုန်သည်တွေ မဟုတ်ဘဲ မိသားစု စားဝတ်နေရေး အတွက် အခကြေးငွေယူ သယ်ပေးတဲ့ သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။