BBC navigation

မန္တလေးက အဖမ်းခံရသူတွေ အာမခံ မယူ

နောက်ဆုံး ရေးသားချိန် 14 ဒီဇင်ဘာလ 2012 - 19:12 GMT

ဒီဇင်ဘာ ၁၂ ရက်နေ့ တုန်းက သံဃာတွေနဲ့ အတူ ဆန္ဒပြစဉ် အဖမ်း ခံခဲ့ရတာ ဖြစ်ပါတယ်

လက်ပန်းတောင်း တောင် သပိတ်ကို အင်အားသုံး ဖြိုခွဲ ခဲ့မှု အပေါ် ကန့်ကွက် ဆန္ဒပြလို့ မန္တလေးမှာ အဖမ်း ခံရသူ လေးဦး စလုံးက အာမခံ မယူဘဲ ဆက်ပြီး အဖမ်းခံ ဖို့ ဆုံးဖြတ် ခဲ့ကြပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့ တုန်းက သံဃာတွေနဲ့ အတူ ဆန္ဒပြတဲ့ အထဲမှာ ပါဝင်လို့ ရဲက ဖမ်းထားတဲ့ အထက် ဗမာပြည် ဗကသ ကျောင်းသား အဖွဲ့က၊ ကိုသန်းထိုက်၊ ကိုမင်းခိုင်လွင်နဲ့ ကိုအောင်မှိုင်းဆန်း၊ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့က ကိုသိန်းအောင် မြင့်တို့ လေးဦးကို စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ကို ချိုးဖောက် မှုနဲ့ ချမ်းမြ သာစည် တရားရုံးမှာ သောကြာနေ့က တရားစွဲဆို လိုက်တာ ဖြစ်ပါတယ်။

သူတို့ကို အာမခံ ပေးပေမယ့်၊ အာမခံ ပေးမယ့် သူတွေကို တာဝန် မပိ စေချင် တာရယ်၊ သူတို့ကို တရားခံတွေလို့ ခေါ်ဆိုခဲ့တာတွေ ကြောင့် အခုလို ဆက် အဖမ်းခံတာ ဖြစ်တယ်လို့ အထက် ဗမာပြည် ဗကသ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

သောကြာနေ့ တရားခွင်မှာ လုံခြုံရေး အများကြီး ချထား တယ်လို့ ကိုသိန်းအောင်မြင့်ရဲ့ဇနီး မခက်ခက်က ပြောပါတယ်။ အခုတော့ ဒီလေးဦးကို အိုးဖို ထောင်မှာ ဖမ်းထားပါတယ်။

မြင်းခြံမှာ မနေ့က ဆန္ဒပြလို့ အဖမ်းခံရသူ ၉ ဦးကတော့ အာမခံ ယူခဲ့ ကြတယ်လို့ အဲဒီထဲက တဦး ဖြစ်တဲ့ ကိုဇော်လင်းအောင်က ပြောပြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။