BBC navigation

ထိုင်းက အလုပ်သမား လက်မှတ် သက်တမ်းကုန်

နောက်ဆုံး ရေးသားချိန် 13 ဒီဇင်ဘာလ 2012 - 15:58 GMT

ဇွန်လတုန်းကလည်း မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းရောက် မြန်မာတွေကို တွေ့ဆုံခဲ့

မြန်မာ၊ လောနဲ့ ကမ္ဘော ဒီးယား နိုင်ငံသား တွေကို ထိုင်း နိုင်ငံက ထုတ်ပေး ထားတဲ့ အလုပ် လုပ်ခွင့် လက်မှတ် သက်တမ်းဟာ ဒီဇင်ဘာ ၁၄ ရက် သောကြာ နေ့မှာ ကုန်ဆုံး တော့မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့၊ ယာယီ နိုင်ငံကူး လက်မှတ် မရှိတဲ့ သူတွေ အားလုံးဟာ တရား မဝင် အလုပ် သမားတွေ ဖြစ်သွားမှာ ဖြစ်တဲ့ အတွက် သူတို့ကို ထိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး နယ်စပ် တွေကို ပြန်ပို့မှာ ဖြစ်ပါတယ်။

ထိုင်း ကုန်သည် ကြီးများ အသင်းကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံကူး လက်မှတ် မရှိတဲ့ အလုပ် သမား တွေကို ယာယီ ကင်းလွတ်ခွင့် ပေးထားပြီး၊ မှတ်ပုံ ပြန်တင် ခွင့် ပြုဖို့ အတွက် ဝန်ကြီးချုပ်ဆီ စာရေး တောင်းဆို ထားကြောင်း ကြာသပတေးနေ့က သတင်း ထုတ်ပြန် လိုက်ပါတယ်။

သန်းနဲ့ ချီတဲ့ လက်မှတ်မဲ့ အလုပ် သမားတွေကို ဖမ်းဆီး အရေးယူရင် ထိုင်း စီးပွားရေးကို အကြီး အကျယ် ထိခိုက်မှာ ဖြစ်တဲ့အတွက် အစိုးရ အနေနဲ့ ပြန်လည် သုံးသပ်ဖို့ တောင်းဆို ရတာ ဖြစ်တယ်လို့ ထိုင်း ကုန်သည် ကြီးများ အသင်း အလုပ် အမှုဆောင် ဖွ(ချ)အရမ် ဝပ်ထနာနွန်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း ထိုင်း အလုပ်သမား ဝန်ကြီး ဌာန အနေနဲ့ ကတော့ အလုပ် လုပ်ခွင့် လက်မှတ် သက်တမ်း တိုးဖို့ မရှိတော့ ဘူးလို့ နိုင်ငံခြားသား အလုပ်သမား ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေးချား ဖလုဖတ်ထနာ့ရတ်က ပြောပါတယ်။

အမ်အိုယူ နှစ်နိုင်ငံ သဘောတူညီချက် အရ နိုင်ငံကူး လက်မှတ်နဲ့ တရားဝင် လာ အလုပ်လုပ်တဲ့ နည်းလမ်းက အကောင်းဆုံး ဖြစ်တယ်လို့လည်း သူက ပြောကြား ပါတယ်။

အခု လက်ရှိ မှာတော့ နိုင်ငံသား စိစစ်ပြီး ယာယီ နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေး ဖို့ ကျန်နေ တဲ့သူ ၃ သိန်းကျော် ရှိနေ ပါသေးတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။