BBC navigation

လက်ပံတောင်း အရေး သံဃာတွေ ဆက်ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 8 ဒီဇင်ဘာလ 2012 - 15:57 GMT

မန္တလေးမြို့မှာလည်း ရာနဲ့ချီတဲ့ သံဃာတော် တွေနဲ့ လူထုတွေဟာ လမ်းလျှောက် မေတ္တာပို့ ခဲ့ကြပါတယ်

လက်ပံတောင်း သပိတ်စခန်းတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ အပေါ် သံဃာတော် တွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေဟာ ရန်ကုန်၊ မန္တလေးနဲ့ မုံရွာ မြို့တွေမှာ ဆက်လက် ဖြစ်ပွားခဲ့ ပါတယ်။

ရန်ကုန်မြို့မှာတော့ သံဃာတော်နဲ့ လူထု စုစုပေါင်း ၁၀၀ လောက်ဟာ စနေနေ့ နေ့လယ်ပိုင်းက ကြေးသွန်း ဘုရား ကနေ ဆူးလေ ဘုရား အထိ လမ်းလျှောက် ချီတက်ပြီး တောင်းဆိုချက် ၅ ချက်ကို တောင်းဆို ဆန္ဒပြ ခဲ့ကြပါတယ်။

သပိတ်စခန်းမှာ အကြမ်းဖက် ခံခဲ့ ရတဲ့ သံဃာတော် တွေကို တာဝန်ရှိ သူတွေက တောင်းပန်ဖို့နဲ့ ပစ်ခတ် ဖြိုခွင်း သူတွေကို အရေးယူပေးဖို့ အပါအဝင် အချက် ၅ ချက် ကို တောင်းဆို ဆန္ဒပြ ကြတာ ဖြစ်ကြောင်း ဆန္ဒပြ သံဃာ တပါး ဖြစ်တဲ့ ဦးသုစိတ္တက ဘီဘီစီကို မိန့်ပါတယ်။

မန္တလေးမြို့မှာလည်း ရာနဲ့ချီတဲ့ သံဃာတော် တွေနဲ့ လူထုတွေဟာ လမ်းလျှောက် မေတ္တာပို့ ခဲ့ကြပါတယ်။

မုံရွာ မြို့မတိုက် ကျောင်း၊ ဇောတိက ကျောင်းတိုက်နဲ့ အနီး အနား ကျောင်းတိုက် တွေက သံဃာတော် အပါး(၄၀ဝ) ကျော် ကတော့ ရွှေစည်းခုံ ဘုရားကြီးမှာ ထိုင် သပိတ် ဆင်နွှဲ ခဲ့ပြီး၊ လူ အင်အား (၂၀ဝ) ကျော် ကတော့ မုံရွာမြို့ တုံရွာ ကနေ ညောင်ပင်ကြီးရွာ အထိ လမ်းလျှောက် ဆန္ဒပြ ခဲ့ကြ ပါတယ်။

အာဏာပိုင်တွေ ဘက်ကတော့ အခုလို ဆန္ဒပြ မှုတွေကို တားမြစ်တာတွေ မလုပ်ခဲ့ ပေမယ့်၊ အနီးကပ် မှတ်တမ်း ဓါတ်ပုံ ရိုက်တာတွေတော့ ရှိတယ်လို့ သံဃာတော် တွေနဲ့ ဒေသခံ တွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။