BBC navigation

လက်ပံတောင်းအရေး သံဃာတော်တွေ ဆက်ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2012 - 10:38 GMT

လက်ပံတောင်း သပိတ် ဖြိုခွဲ ခံရပြီးနောက် ဆန္ဒပြ မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်

လက်ပံတောင်း တောင် အရေး ဆန္ဒပြ သပိတ်ကို အကြမ်းဖက် ဖြိုခွဲခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိ သူတွေ အနေနဲ့ ကာယကံရှင် သံဃာတော်တွေကို ကျေနပ်အောင် တောင်းပန်ဖို့ ၅ ရက် အချိန် ပေးထားတာကို မတောင်းပန်တဲ့ အတွက် မန္တလေးနဲ့ တောင်ကြီး မြို့တွေမှာ သံဃာတော်တွေ မေတ္တာပို့ ဆန္ဒထုတ်ဖေါ် ခဲ့ကြပါတယ်။

မန္တလေးမြို့က သံဃာတော် ၂၄၀ ကျော်ဟာ သက်ဆိုင်ရာ ဆီမှာ ဆန္ဒပြဖို့ခွင့်မိန့်မယူဘဲ အိမ်တော်ရာ ဘုရားမှာ တောင်းဆိုချက် ၅ချက်ကို ကိုင်ဆောင်ပြီးတော့ ၂ နာရီကြာ ထိုင်သပိတ် လုပ်ခဲ့ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ သံဃာ အပါး ၂၀၀ လောက် ကလည်း လက်ပံတောင်း အရေးကြောင့် ဖမ်းဆီး ထားသူတွေ ပြန်လွှတ်ဖို့နဲ့ အကြမ်းဖက် ဖြိုခွင်း ခဲ့သူတွေကို အရေးယူ ပေးဖို့ စတဲ့ တောင်းဆိုချက်တွေ ကိုင်ဆောင် ပြီးတော့ လောကမာရ်အောင် ကျောင်းကနေ စူဠာမုနိ စေတီတော်ထိ မေတ္တာပို့ စီတန်း ကြွချီခဲ့ကြပါတယ်။

စီတန်း ကြွချီ နေချိန်တဲ့ သံဃာ တပါးကလည်း တောင်ကြီးမြို့က သံဃာတော်တွေရဲ့ စီတန်း ကြွချီပွဲ ကိုတော့ သက်ဆိုင်ရာက ခွင့်ပြုချက်နဲ့ လုပ်ခဲ့တာ ဖြစ်ကြောင်း မိန့်ကြား ပါတယ်။

ဒီကြားထဲ အစိုးရ တာဝန်ရှိသူတွေ ဘက်က တောင်းဆို ချက်တွေ မလိုက်လျောဘူး ဆိုရင် လာမယ့် ဒီဇင်ဘာ ၈ ရက်နေ့ မှာလည်း နောက်ထပ် တကြိမ် ထပ်ပြီး ဆန္ဒ ထုတ်ဖေါ် ဦးမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။