BBC navigation

ရွှေတွင်း အငြင်းပွားမှု ဖြေရှင်း

နောက်ဆုံး ရေးသားချိန် 4 ဒီဇင်ဘာလ 2012 - 02:18 GMT
moehti_workers_

မိုးထိမိုးမိရွှေတွင်းလုပ်သား အငြင်းပွားမှု

ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ရွှေတွင်းလုပ်ငန်းမှာ ပင်မ လုပ်ပိုင်ခွင့် ရထားတဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ နဲ့ ကုမ္ပဏီမှ တဆင့် တနိုင်တပိုင် လုပ်ပိုင်ခွင့် စာချုပ်ချုပ်ပြီး လုပ်ကိုင်နေကြတဲ့ ရွှေတွင်း တူးသူတွေအကြား အငြင်းပွားမှု ကို ဖြေရှင်းဖို့ ရမည်းသင်းမြို့မှာ ပြီးခဲ့တဲ့ ရက်က တွေ့ဆုံ ကြပေမယ့် အဖြေမရကြပါ။

နောက်တကြိမ် ဆွေးနွေးဖို့ ပြန်ပြီး ရက်ရွှေ့ဆိုင်းရခြင်းက တနိုင်တပိုင် ရွှေတွင်း တူးသူတွေ နဲ့ အလုပ်သမားတွေ က တောင်းဆိုတဲ့ လျော်ကြေးနဲ့ နစ်နာကြေးပေးဖို့ ကျန်နေတာတွေ ငွေကြေးအရ သိန်းနဲ့ချီ ကျန်နေသေးကြောင်း အလုပ်သမား ကိုယ်စားလှယ် ကိုယောက် က ဘီဘီစီ ကိုပြောပါတယ်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီဘက်က အထွေထွေ မန်နေဂျာ ဦးထွန်းအောင်စိုး ကတော့ ရွှေမြင်တင် စာချုပ်အရ လျော်ကြေးတွေ ပေးပြီးကြောင်း၊ အလုပ်ဆက်လုပ်ဖို့ သဘောတူသူ တွေလည်း ရှိခဲ့ကြောင်း အခုမှ မလုပ်ဘူး လို့ ဆိုတဲ့ အတွက် စာချုပ်ဖေါက်ဖျက်ရာ ရောက်ကြောင်း ဘီဘီစီ ကိုရှင်းပြပါတယ်။

အဆိုပါ ကိစ္စ အတွက် သတ္တုတွင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ၊ NLD လွှတ်တော် အမတ် ဒေါ်စန္ဒာမင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ အမတ်တို့ လည်းပါဝင်ကြပြီး ဝင်ရောက် ဖြေရှင်း ညှိနှိုင်းပေးကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။