BBC navigation

မြန်မာပြည်က စပစ်ဖိုင်းယားတွေကို တူးတော့မယ်

နောက်ဆုံး ရေးသားချိန် 28 နိုဝင်ဘာလ 2012 - 16:29 GMT
spitfire_burma

မြန်မာပြည်မှာ မြှုပ်ထား ခဲ့ကြတဲ့ စပစ်ဖိုင်းယား လေယာဉ်တွေ ဒီလို ပျံသန်းတော့မလား။


ဒုတိယ ကမ္ဘာစစ် အတွင်း က မြန်မာနိုင်ငံ က နေရာတချို့မှာ မြှုပ်နှံ သိမ်းဆည်းထားခဲ့တဲ့ ဗြိတိန်လုပ် စပစ်ဖိုင်းယား တိုက်လေယာဉ် တွေ ကို ဗြိတိန် က ရှေးဟောင်းသုတေသန အဖွဲ့တွေ ရှာဖွေနေကြရာမှာ တူးဖော်ရှာဖွေတဲ့ အဆင့်ကို နောက်နှစ်ကြရင် စတင်တော့မယ် လို့ သူတို့ က ထုတ်ဖော်ပြောပါတယ်။

လေယာဉ်တွေ ရှိနိုင်တယ် လို့တွက်ဆ ကြတဲ့ နေရာ တချို့ ထဲက သူတို့ ထုတ်ဖော် ပြောတဲ့ တနေရာ က တော့ မင်္ဂလာဒုံ တဝိုက်မှာ ရှိတဲ့ အရင် ဗြိတိသျှ လေတပ် စခန်းဟောင်း နေရာ ဘက်မှာ ဖြစ်ကြောင်း ရှာဖွေရေး အဖွဲ့မှာ ပါ၀င်တဲ့ ဘူမိရူပဗေဒ ပညာရှင် ဒေါက်တာ ရောဂျာ ကလပ် က ပြောပါတယ်။

သူတို့ ဘယ်လောက်သေချာနေပြီလဲဆိုတာ ကို မေးတော့ ဒေါက်တာ ကလပ်က ဖြေကြားရာမှာ အဲဒီ လေတပ် စခန်းဟောင်း နေရာတခု ရဲ့ မြေကြီး အောက်မှာ သတ္တု တွေ ရှိတာ ကတော့ ဖြစ်နိုင်ကြောင်း၊ သူတို့ သတ္တု စမ်းသတ်ရှာဖွေရေး ကရိယာတွေနဲ့ စမ်းသပ်ကြည့်တော့ အဲဒီလို တွေ့ခဲ့ ရကြောင်း၊ နောက်ပြီး ဘူမိဗေဒ သဘော အရ ဒီလိုမြေကြီး နေရာမှာ ဒီလိုသတ္တု မျိုးတွေ မရှိနိုင်ဘူး လို့လည်း ပြောပါတယ်။

သေချာပြီလား ဆိုတာ ကတော့ တူးပြီး ဖော်ကြည့် တော့မှ အသေအချာ သိနိုင်မှာဖြစ်ကြောင်း၊ ဗြိတိန် ဘုရင့်လေတပ် ကမှတ်တမ်းတွေ နဲ့ မျက်မြင် သက်သေ တွေရဲ့မှတ်တမ်းတွေ အရ ဒီနေရာမှာ လေယာဉ်တွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီစပစ်ဖိုင်းယား လေယာဉ်တွေ တူးဖော်ရှာဖွေရေး အဖွဲ့ကို ဉီးဆောင်သူကတော့ မစ္စတာ ဒေးဗစ် ကန်ဒဲလ် ပါ။

သူတို့က စပစ်ဖိုင်းယား လေယာဉ် အနည်းဆုံး အစင်း ၆၀ လောက် မြန်မာပြည် မှာ ရှိမယ်လို့မှန်းထားပြီး အဲဒီထဲ ကအစင်း ၃၀ ကျော် လောက်တောင် ဒီမင်္ဂလာဒုံ ဘက်မှာ ရှိနိုင်တယ် လို့ ဒေါက်တာ ရောဂျာ ကလပ် က ဆိုပါတယ်။

မျက်မြင်သက်သေ တွေဆီက သိရှိ ထားတာနဲ့၊ ဗြိတိန် ဘုရင့်လေတပ်က မှတ်တမ်း တွေအရ အဲဒီ နေရာမှာ စပစ်ဖိုင်းယား ၁၂ စင်း ရှိနိုင် တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်နောက်ထပ် မှန်းဆချက် တွေ အရ လေယာဉ် ၃၅ စင်း ၃၆ စင်း လောက်တောင် ရှိနိုင်တဲ့ အကြောင်း တွက်ဆထားကြ တယ်လို့လည်း ဆိုပါတယ်။

ဒီလေယာဉ် တွေ ဟာ ပျံသန်းနိုင်မယ့် အခြေအနေ ထိတောင် ရှိမယ်လို့တောင် တွက်ဆ ထားကြတဲ့ အကြောင်းကို ပြောကြားသွား ခဲ့ပါတယ်။

အခု တူးဖော်မှု အတွက် ကုန်ကျ စားရိတ် က အမေရိကန် ဒေါ်လာ ၂ သိန်း ၁သောင်း ကျော် လောက် ကုန်မယ်လို့ မှန်းထား ကြပြီး တကယ်လို့သာ လေယာဉ်တွေ ရှာတွေ့မယ် ဆိုရင်တော့ အကျိုးအမြတ် များမယ်လို့ တွက်ဆ ခန်းမှန်း ထားကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။