BBC navigation

မြန်မာ ဘင်္ဂလား နယ်စပ် ပြန်ဖွင့်ပေးလိုက်ပြီ

နောက်ဆုံး ရေးသားချိန် 26 နိုဝင်ဘာလ 2012 - 01:51 GMT

ဘင်္ဂလား မြန်မာ နယ်စပ် မောင်တော်မြို့တနေရာ

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အကြား ဗီဇာတွေနဲ့ သွားလာနေတာကို တလနီးပါး ပိတ်ထားခဲ့ရာက နယ်စပ် ပြန်ဖွင့် ပေးလိုက်တဲ့ အတွက် အခု ပြန်လည် သက်၀င် လူပ်ရှားလာနေပြီ ဖြစ်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ အကြားမှာ ရခိုင်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မူ တွေကြောင့် သာမက စစ်သား သုံးဦးနယ်စပ်မှာ ဖမ်းဆီးခံရတဲ့ အတွက်ပါ နို၀င်ဘာလ ၁၉ ရက်နေ့က နှစ်နိုင်ငံ နယ်စပ်ကို မြန်မာ ဖက်က ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ပိတ်တုန်းက တရက်တာ ဗီဇာနဲ့ သွားလာခွင့်ရတဲ့ နေ့ချင်းပြန် ဗီဇာ ကိုရော ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလို ပိတ်ထားတာတွေ အားလုံးကို မြန်မာဘက်က လွန်ခဲ့တဲ့ သောကြာနေ့က စပြီး ပြန်လည် ဖွင့်လှစ်ပေးလိုက် ပါပြီ။

ခုလို ဖွင့်လှစ်ပေးခဲ့တာနဲ့ ပတ်သက်လို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးရုံးကို ဆက်သွယ် မေးမြန်း ကြည့်ခဲ့ပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူး မရှိတဲ့ အတွက် ရုံးတာ၀န်ရှိသူ တစ်ဦးကဘဲ ဖြေကြား ပေးခဲ့ပါတယ်။

ဒီလို မြန်မာဖက်က နယ်စပ် ပြန်လည် ဖွင့်လှစ်ပေးလိုက်တဲ့ အပေါ် ဘင်္ဂလားဒေ့ရှ် ဘက်က ကြိုဆိုလိုက်ပြီး တက်ကနက် အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီ တပ်ရင်းမှူး ဂျာဟစ် ဟူစိန်က နယ်စပ်ဂိတ်တွေကို ပြန်လည် ဖွင့်လှစ်ဖို့ မြန်မာဘက်ကို မေတ္တာရပ်ခံတဲ့ အတွက် ခုလို ဖွင့်လှစ်တာ ဖြစ်တယ်လို့ သတင်း မီဒီယာတွေကို ထုတ်ဖေါ် ပြောဆိုပါတယ်။

တက်ကနက်မြို့မှာ နှစ်ဘက်နိုင်ငံ ကုန်သည်တွေ မနေ့က သွားလာနေတာကို အဲဒီမှာ ရှိတဲ့ မြန်မာ ကုန်သည် တစ်ဦးကလည်း သူမြင်တွေ့ရသမျှကို ရှင်းပြခဲ့ပါတယ်။

နယ်စပ်ကို အရင်က ပိတ်ထားခဲ့ရတဲ့ အတွက် နှစ်နိုင်ငံ ကုန်သွယ်မူကို အကြီးအကျယ် ထိခိုက်ခဲ့ပြီး နယ်စပ်ကို မှီပြီး လုပ်ကိုင် စားသောက်နေတဲ့ နှစ်ဘက် ပြည်သူတွေလည်း စား၀တ်နေရေး အထူး အခက်အခဲတွေ ဖြစ်ပေါ် ခဲ့တယ်လို့ သိရှိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။