BBC navigation

မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဂိတ်တွေ ပိတ်

နောက်ဆုံး ရေးသားချိန် 21 နိုဝင်ဘာလ 2012 - 17:39 GMT

ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ပဋိပက္ခတွေ ကြောင့် လုံခြုံရေးကို တိုးချထားတာ ဖြစ်ပါတယ်

မြန်မာ - ဘင်္ဂလာဒေ့ရှ် နယ်စပ် တလျှောက်က နှစ်နိုင်ငံ နယ်စပ် ဂိတ်တွေ အကုန်လုံးကို မြန်မာ ဘက်က ရက် အကန့် အသတ် မရှိ ပိတ်ထား လိုက်တာကြောင့် နယ်စပ် လုပ်ငန်းတွေ ရပ်တန့် သွားခဲ့ပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့က အမည်မသိ လက်နက်ကိုင် အဖွဲ့ တစ်ခုကနေ မြန်မာ ဂျီအီး တပ်သား ၃ ဦးကို ဘင်္ဂလာဒေ့ရှ် နယ်မြေထဲကို ဖမ်းဆီး ခေါ်ဆောင် သွားရာ၊ အခု အချိန် အထိ ပြန်မတွေ့ သေးတဲ့ အတွက်ကြောင့် အခုလို နယ်စပ် ဂိတ်တွေကို ပိတ်ပစ်တာ ဖြစ်နိုင် တယ်လို့ ဒေသခံ ရွာသားတဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီလို အဖမ်းခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် အစည်း အဝေးကို ဗုဒ္ဓဟူးနေ့က တောင်ပြိုမြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရ ပါတယ်။

နယ်စပ်တွေ ပိတ်လိုက်တဲ့ အတွက် မောင်တော မြို့နဲ့ ဘင်္ဂလားဒေ့ရှ် ဘက်က တက်ကနက်မြို့ အကြားမှာ နတ်မြစ်ကို မော်တော်ဘုတ်နဲ့ ဖြတ်ကျော်ပြီး နေ့ချင်းပြန် လုပ်ကိုင်နေတဲ့ ကုန်သွယ်မူ လုပ်ငန်း လည်း ရပ်တန့် သွားခဲ့ရပါတယ်။

ဒါ့ပြင် တခြား ဖြတ်ကျော် သွားလာ နေတဲ့ ငခူရ၊ ခြံပြင်၊ မင်္ဂလာကြီး နယ်စပ် ဂိတ်တွေ အပါ အဝင် ဂိတ် ၁၀ ခုလောက် အသွား အလာ လုပ်လို့ မရတော့ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက မွတ်ဆလင် ဒုက္ခသည် ၂၉၀၀၀ ကို မြန်မာ ဘက်က ပြန်လည် ခေါ်ယူဖို့ ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းကို မနေ့က ပြောဆို လိုက်တယ် လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။