BBC navigation

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ် ပြီးဆုံး

နောက်ဆုံး ရေးသားချိန် 17 နိုဝင်ဘာလ 2012 - 16:26 GMT

အိန္ဒိယနိုင်ငံ ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီး Jairam Ramesh ကနေ ရှင်းလင်းပြောကြား

အိန္ဒိယ နိုင်ငံကို ၅ ရက်ကြာ အလည် အပတ် ရောက်ရှိ နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့ ညမှာ သူ့ရဲ့ခရီးစဉ်ကို အဆုံးသတ် ပြီး မြန်မာပြည်ကို ပြန်တော့မှာ ဖြစ်ပါတယ်။

စနေနေ့ မနက်ပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အန်ဒရာ ပရာဒေ့ရှ် ပြည်နယ်က အန်နန်တပူမှာ ရှိတဲ့ မဟတ္တမဂန္ဒီ အမျိုးသား ကျေးလက် ဒေသ အလုပ် အကိုင် အခွင့်အလမ်း ဖန်တီးရေး စီမံကိန်းကို သွားရောက် လေ့လာခဲ့ ပါတယ်။

ညနေပိုင်းမှာတော့ အိန္ဒိယ အိုင်တီ မြို့တော်လို့ နာမည်ကြီးတဲ့ ကာနာတကာ ပြည်နယ် ဘင်္ဂလောမြို့ အင်ဖိုစစ် နည်းပညာ ကုမ္ပဏီနဲ့ နည်းပညာ တက္ကသိုလ် တို့ကို သွားရောက် လေ့လာခဲ့ ပါတယ်။

တနင်္ဂနွေနေ့ မနက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။