BBC navigation

လွတ်မြောက် အကျဉ်းသားတွေထဲ နိုင်ငံရေး အကျဉ်းသား မပါ

နောက်ဆုံး ရေးသားချိန် 15 နိုဝင်ဘာလ 2012 - 15:16 GMT
Released Prisoners from Insein Prison

လွတ်မြောက် အကျဉ်းသား တွေကို အင်းစိန် ထောင် ရှေ့မှာ မိသားစုတွေ စောင့်ကြို

နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် အရ မြန်မာ နိုင်ငံ အကျဉ်းထောင် အသီး သီးကနေ အကျဉ်းသား ၄၅၂ ယောက်ကို ကြာသပတေးနေ့က ပြန်လွှတ် ပေးလိုက် ပါတယ်။

ပြန်လွှတ် ပေးလိုက်သူတွေ ထဲမှာ နိုင်ငံရေး အကျဉ်းသား တစ်ယောက်မှ မပါ သေးဘူးလို့ အကျဉ်းသားတွေ လွတ်မြောက်ရေး လှုပ်ရှားသူ တွေက ပြောကြ ပါတယ်။

လွှတ်ပေးသူတွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူတွေ နိုင်ငံရေး အကျဉ်းသားတွေ ပါ မပါ ဆိုတာနဲ့ ပတ်သက်ပြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းကို မေးကြည့်တော့ ဒီလို အသုံး အနှုန်းမျိုး သူတို့မှာ မရှိဘူး လို့ ပြောပြီး အကျဉ်းသားတွေကို သူတို့ ကျူးလွန်တဲ့ ပြစ်မှု၊ စွပ်စွဲခံရတဲ့ ပုဒ်မ တို့နဲ့သာ ခွဲခြားတယ်လို့ ပြောပါတယ်။

HRDP လူ့အခွင့် အရေး ကာကွယ် မြှင့်တင်ရေး ကွန်ယက်က ဦးမြင့်အေး လည်း ပြန်လွတ်လာသူတွေထဲ မပါ သေးဘူးလို့ သူက ပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက် တစ်ရက်ထဲ အကျဉ်းသား လေးရာကျော် စလုံးကို ပြန်လွှတ်ပေးတာ လို့ အကျဉ်း ဦးစီးဌာနက ပြောပါတယ်။

အကျဉ်းသား တွေကို အခု ချိန်မှာ လွှတ်ပေးတာနဲ့ ပတ်သက်လို့ ဝေဖန်သုံးသပ်မှုတွေ အမျိုးမျိုး ပေါ်ထွက် နေရာမှာ တချို့က အမေရိကန် သမ္မတ တစ်ယောက်ရဲ့ သမိုင်းဝင် ခရီးစဉ် အဖြစ် သမ္မတ အိုဘားမား မြန်မာ နိုင်ငံကို မလာခင် ရက်ပိုင်း အလိုမှာ လွှတ်ပေး တာလို့ ပြောနေကြ သလို တချို့ ကတော့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ နီးလာရင် လွှတ်နေကျ အတိုင်း မကြာခင် ကျင်းပဖို့ ရှိတဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် လွှတ်တာ လို့လည်း ပြောနေကြပါတယ်။

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကတော့ သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ အခွင့် အာဏာ အရ လုပ်ပိုင်ခွင့် ကို အသုံးချပြီး လွှတ်ပေး သင့်တဲ့ အချိန်မှာ လွှတ်ပေးတာ ဖြစ်တယ်လို့ ပြော ပါတယ်။

ပြန်လွတ် လာမယ့်သူတွေကို မျှော်လင့်ပြီး အကျဉ်းထောင်တွေ ရှေ့မှာ အကျဉ်းသား မိသားစုတွေကို စောင့်ကြို ခဲ့ကြတာ တွေလည်း ရှိပါတယ်။

မျှော်လင့် နေကြပေမဲ့ ပြန်လွတ် မလာတော့လည်း စိတ်ပျက်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူးလို့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေ ကပြောကြ ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး တောင်းဆို နေတဲ့ ထိုင်း နိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ အတွင်းရေးမှူးကိုဘို ကြည်ကတော့ သမ္မတ အနေနဲ့ သဘောထား ပြောင်လဲဖို့ လိုအပ် တယ်လို့ ပြော ပါတယ်။

အခု ပြန်လွှတ် ပေးလိုက်သူတွေ ထဲမှာ နိုင်ငံခြားသားတွေ၊ သက်ကြီး ရွယ်အိုတွေ နဲ့ ကျန်မာရေး ချို့တဲ့ သူတွေ ပါဝင် ပါတယ်။



ခုလွတ်လာသူတွေအများစုဟာတပ်မတော်၀န်ထမ်းတွေ နိုင်ငံခြာသာတွေနဲ့ ဒုစရိုက်သမား ေတွေ ပါ၀င်တယ်လို့သိရပါတယ်ခင်ဗျာ

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။