BBC navigation

ဂန္ဒီ နေရူးကို ဒေါ်အောင်ဆန်းစုကြည် အတုယူ

နောက်ဆုံး ရေးသားချိန် 15 နိုဝင်ဘာလ 2012 - 01:51 GMT
suu_sonia

ဝန်ကြီးချုပ်ဟောင်း ဆိုနီယာ ဂန္ဒီ က ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းကို လာရောက် နားထောင်

ဗုဒ္ဓဟူးနေ့ က ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ နိုင်ငံ ခေါင်းဆောင်တွေဖြစ်ခဲ့ကြတဲ့ မဟတ္တမ ဂန္နီ နဲ့ ဂျဝါဟာလာ နေရူး တို့ဟာ သူ့ရဲ့အနီးစပ်ဆုံး ခေါင်းဆောင် တွေ အဖြစ် ခံယူထားပုံ ကို ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

နိုင်ငံရေး အရ၊ အသိအမြင် ခံယူမှုပိုင်းအရ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ နီးနီးကပ်ကပ်ရှိ တာ ကို နေရူး အောက်မေ့ဘွယ် အမှာစကား ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောသွားတာပါ။

နောက်ပြီး မြန်မာ့ဒိမိုကရေစီရေး လှုပ်ရှားမှု နဲ့ပတ်သက်ပြီးလည်း မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှု တွေ ဟာ အကြမ်းမဖက်တဲ့ လှုပ်ရှားမှု အခြေခံမူ ပေါ်မှာ အခိုင်အမာ အခြေတည်ထားတာဖြစ်တဲ့ အကြောင်း နဲ့ ဂန္နီ ကြီး ချမှတ်ခဲ့တဲ့ အကြမ်းမဖက်ပဲ အားကြီးတဲ့ အုပ်စိုးသူတွေ ကို တုန့်ပြန် ဆန့်ကျင်ခဲ့တဲ့လမ်းစဉ် က သူ့ကိုလွှမ်းမိုး ခဲ့ကြောင်း ကို ပြောပြသွားခဲ့ပါတယ်။

ဒီလိုပဲ နေရူး တို့လို ခေါင်းဆောင် တွေ ရဲ့ အကြမ်းမဖက်ပဲ လွတ်လပ်ရေး တိုက်ပွဲ၀င်ခဲ့ပုံတွေ ကို သူ အလေးထား အတုယူ ခဲ့တယ် ။

ဒီအကြောင်း ကိုတော့ ဂန္နီ က သူ့ ကို လွှမ်းမိုးမှုတွေ ရှိတယ် လို့ လူတွေ သိထား သလောက် လူသိတ်များများ က မသိခဲ့ကြ ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည် ကပြောသွားပါတယ်။

နေရူးနဲ့ သူ့ဖခင် ဗိုလ်ချုပ်တို့ တရင်းတနှီးရှိကြပုံ၊ သူတို့မိသားစု နဲ့ တရင်းတနှီးရှိကြပုံတို့ ကို လည်း ဒေါ်အောင်ဆန်းစုကြည် က အမှတ်ရဘွယ် ပြောရင်း နေရူးရေးတဲ့ Discovery of India ထဲက စာသားတွေ ကို လည်း သူ စိတ်ခွန်အားအတွက် ကိုးကားမှတ်သား ခဲ့ ကြောင်း သူ့ ရဲ့ မိန့်ခွန်းကို နားထောင် ကြသူ တွေ သိလိုက်ကြ ရပါတယ်။

နေရူးရဲ့ ငြိမ်၀ပ်ပိပြားမှု အဓိပ္ပါယ် ဖော်ဆောင်မှု ဟာ သူတို့ဆီက ဟိုး အရင် အခြေအနေ နဲ့ ကိုက်ညီ လွန်းနေခဲ့တဲ့ အတွက် အဲဒီအချိန် က နေရူးရဲ့ စာသားတွေ ကို သူ့အိမ်ကိုလာတဲ့ စစ်တပ် နဲ့ ထောက်လှမ်းရေး ၀န်ထမ်းတွေ သိသာ စေဖို့ အိမ်ခန်း မ မှာ ချိတ်ဆွဲထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က ဖော်ကျူး ပြောသွားပါတယ်။

နေရူးနဲ့ ဂန္ဒီ တို့ တချို့နည်းနာ တွေ မှာ မတူတာတွေ ရှိပေမယ့် သူတို့ အတူ လက်တွဲသွားနိုင်ခဲ့ကြောင်း နဲ့ ဒီလို အဖြစ်တွေ ကို နှလုံးသွင်းပြီး သူ နဲ့ သူ အဖွဲ့ဝင်တွေ ကြား သဘောထားတွေ မတူတဲ့ ကာလ ကို အတူဖြတ်သန်း နိုင်ခဲ့ကြောင်း ကို လည်း ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ မိန်ခွန်းထဲမှာ ထည့်သွင်းပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။