BBC navigation

နန်းခင်ဇေယျာ အင်တာနက် အလှမယ်ဆု ရရှိ

နောက်ဆုံး ရေးသားချိန် 21 အောက်တိုဘာလ 2012 - 11:47 GMT
Nang Khin Zar Yar

အင်တာနက်ကနေ အကြိုက်ဆုံး မဲပေးကြရာမှာ နန်းခင်ဇေယျာ မဲအများဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ ကျင်းပနေတဲ့ ၂၀၁၂ ခုနှစ် နိုင်ငံတကာ အလှမယ် ပြိုင်ပွဲမှာ မြန်မာ နိုင်ငံက နန်းခင်ဇေယျာ ဟာ အင်တာနက် အလှမယ်ဆု နဲ့ သာ ကျေနပ် လိုက်ရပါတယ်။

၂၀၁၂ နိုင်ငံ တကာ အလှမယ် သရဖူကိုတော့ ဂျပန် အလှမယ် Ikumi Yoshimatsu က ဆွတ်ခူး သွားပြီး၊ ဒုတိယနေရာ ကိုတော့ ဖင်လန် အလှမယ်က ရရှိ သွားပါတယ်။

နိုင်ငံတကာ အလှမယ်ဆု မပေးခင် တခြား အထူးဆု ၇ ခုကို အရင်ဆုံး ချီးမြှင့် ရာမှာ နန်းခင်ဇေယျာဟာ အင်တာနက် အလှမယ် ဆုကို ရရှိသွားတာ ဖြစ်ပါ တယ်။

ပရိသတ်တွေ ကနေ အင်တာနက်က တဆင့် အကြိုက်ဆုံးသူကို မဲပေးရာမှာ နန်းခင်ဇေယျာက မဲအများဆုံး ရရှိတဲ့ အတွက် ဒီဆုကို ရရှိတာ ဖြစ်ပါတယ်။

နိုင်ငံ အသီးသီး ကနေ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ စုစုပေါင်း အလှမယ် ၆၉ ယောက် ထဲက ၁၅ ယောက်ကို ဒိုင်လူကြီးတွေက ဆန်ခါတင် ရွေးချယ် ရာမှာ မြန်မာ နိုင်ငံက နန်းခင်ဇေယျာ တယောက် ဆန်ခါတင်ထဲ မပါတော့ပဲ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။