BBC navigation

လွှတ်တော် အစည်းအဝေး ကနေ့ပြန်စ

နောက်ဆုံး ရေးသားချိန် 18 အောက်တိုဘာလ 2012 - 01:25 GMT
bbc_304x171_bb

နေပြည်တော် လွှတ်တော်

နေပြည်တော်မှာ ပြည်သူ့လွှတ်တော် အစည်းအဝေး တွေ ကနေ့ ပြန်လည် စတင် တော့မှာ ဖြစ်တဲ့ အတွက် အခု တကြိမ်ဟာ ပထမ အကြိမ် လွှတ်တော်တွေ ရဲ့ ပဉ္စမ အကြိမ် ပုံမှန် အစည်းအဝေး လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ကို ဖျက်သိမ်း လိုက်တဲ့ အတွက်၊ ပြန်လည်ဖွဲ့စည်း မယ်ဆိုရင်၊ ဆွေးနွေးတဲ့ အပိုင်းမှာ ပြည်သူ့လွှတ်တော် က သုံးယောက်၊ အမျိုးသားလွှတ်တော် က သုံးယောက် နဲ့ သမ္မတ က သုံးယောက် ရွေးချယ်ပြီး ဒီ ကိုးယောက် ကို ပြည်ထောင်စု လွှတ်တော် က အတည်ပြုဖို့ လိုအပ်ပုံ ကို ရန်ကုန်တိုင်း အလုံလွှတ်တော် အမတ် ဦးခိုင်မောင်ရည် က ဘီဘီစီ ကို ရှင်းပြပါတယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် လည်း လွှတ်တော် အစည်းအဝေး တက်နေပြီ ဖြစ်တဲ့ အတွက်၊ ကျန်တဲ့ လွှတ်တော် အမတ် တွေအဖို့ အားဖြစ်စေမယ့် အချက်ဖြစ်ပေမယ့်လည်း NLD ရဲ့ ဆောင်ရွက်ချက်တွေဟာ ပိုပြီးကောင်းမွန်မယ် လို့ မျှော်လင့်ထားတဲ့ အကြောင်း၊ ဒါပေမယ့် အခု အထိတော့ ပေါ်လွင်မှု မရှိသေးပုံ ကို ဦးခိုင်မောင်ရည် က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော်မတီ ဟာ တိုင်းပြည်က အားကိုးရတဲ့ ကော်မတီ တရပ် ဖြစ်တဲ့ အတွက် ဒီတကြိမ် လွှတ်တော် အစည်းအဝေးမှာ လှုပ်လှုပ်ရှားရှား ရှိနိုင်ဘွယ် အလားအလာ ကို ရန်ကုန်တိုင်း အလုံလွှတ်တော် အမတ် ဦးခိုင်မောင်ရည် က ဘီဘီစီ ကို ရှင်းပြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။