BBC navigation

သတင်းသမားတချို့ သတင်းအတွက် လက်ဆောင်ယူတဲ့ အလေ့ ဘယ်လိုတားမလဲ

နောက်ဆုံး ရေးသားချိန် 11 အောက်တိုဘာလ 2012 - 18:51 GMT

သတင်းမီဒီယာဟာ လူထု ယုံကြည်မှုကို ရယူရမှာ ဖြစ်ပေမယ့် သတင်းသမားတချို့ဟာ သတင်းကိစ္စအတွက် လက်ဆောင် ရယူတာတွေ ရှိနေကြပါတယ်။

ဒီလိုအလေ့အထမျိုး အမြစ်မတွယ်အောင် ဘယ်လိုနည်းလမ်းနဲ့ တားဆီးနိုင်မလဲ၊

သောတရှင်တွေရဲ့ အတွေ့အကြုံတွေနဲ့ သဘောထားအမြင်တွေကို အောက်တိုဘာလ ၁၇ ရက်နေ့ ဗုဒ္ဒဟူးနေ့ ည တင်ဆက်မယ့် လွတ်လပ်အတွေးဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ပါဝင်ဆွေးနွေးလိုတဲ့ သောတရှင်တွေ burmese@bbc.co.uk ကို အီးမေးနဲ့ ဆက်သွယ်နိုင်သလို တယ်လီဖုန်းနံပတ် ၀၀၄၄ ၂၀၃ ၆၁ ၄၄၀၆၄ ကို ဆက်သွယ်ပြီး အသံဖမ်းစက်ထဲမှာ ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ နိုင်ငံနဲ့ တယ်လီဖုန်းနံပတ်ကို အသံသွင်းထားခဲ့ရင် ဘီဘီစီ က ပြန်ခေါ်မှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။