BBC navigation

သမ္မတဦးသိန်းစိန် တောင်ကိုရီးယားကို ထွက်ခွာ

နောက်ဆုံး ရေးသားချိန် 7 အောက်တိုဘာလ 2012 - 11:00 GMT

ဒုသမ္မတ စိုင်းမောက်ခမ်းနဲ့ ဦးဉာဏ်ထွန်းတို့က သမ္မတ ဦးသိန်းစိန်ကို လိုက်လံ ပို့ဆောင်

မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်ရဲ့ ဖိတ်ကြားချက် အရ တောင်ကိုရီးယား ကို တရားဝင် ချစ်ကြည်ရေး ခရီး အဖြစ် တနင်္ဂနွေနေ့ မနက် ၉ နာရီက ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။

သမ္မတနဲ့ အတူ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး၊ စက်မှုဝန်ကြီး ဦးအေးမြင့် တို့အပြင် သမ္မတရုံး ဝန်းကြီးများ ဖြစ်ကြတဲ့ ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်း တို့လည်း လိုက်ပါသွား ကြပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီး တချို့ရဲ့ ဝန်ကြီးချုပ်တွေ အပြင် ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများလည်း သမ္မတ ခရီးစဉ်မှာ ပါဝင်ကြ ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှု အဆင့် ၁၀ မှာ ရှိနေတဲ့ တောင်ကိုရီးယား ခရီးစဉ် အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု၊ အခြေခံ အဆောက်အဦ တည်ဆောက်ရေး ကိစ္စရပ် တွေကို ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့လက နယူးယောက်မြို့ ကုလသမဂ္ဂ နှစ်ပတ်လည် ညီလာခံကို တက်ရောက်ခဲ့ကာ၊ အောက်တိုဘာ ၁ ရက်နေ့ တနင်္လာနေ့က အမေရိကန်ကနေ ပြန်လည် ရောက်ရှိ လာတာ ဖြစ်ပါတယ်။

အမေရိကန် ခရီးစဉ် မတိုင်ခင် သူဟာ တရုတ်နိုင်ငံကို သွားရောက်ပြီး တရုတ် အာဆီယံ ကုန်စည်ပြပွဲကို တက်ရောက်ခဲ့ပါသေးတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။