BBC navigation

ဦးသိန်းစိန် တောင်ကိုရီးယား သွားမယ်

နောက်ဆုံး ရေးသားချိန် 4 အောက်တိုဘာလ 2012 - 15:28 GMT
U Thein Sein

အမေရိကန် ခရီးစဉ် ကြောင့် သမ္မတ ဦးသိန်းစိန် ကို ထောက်ခံမှုတွေ ရခဲ့

သမ္မတ ဦးသိန်းစိန် ဟာ မကြာခင် ကာလ အတွင်း တောင်ကိုရီးယား နိုင်ငံကို ချစ်ကြည်ရေး ခရီး သွားရောက်မှာ ဖြစ်ကြောင်း မြန်မာ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန အင်တာနက် စာမျက်နှာ မှာ ထုတ်ပြန် ကြေညာ ထားပါတယ်။

တောင်ကိုရီးယား နိုင်ငံ ယုံဟပ် (Yonhap) သတင်းဌာန ကတော့ မြန်မာ သမ္မတဟာ အောက်တိုဘာ ၈ ရက် ကနေ ၁၀ ရက်နေ့ အထိလာရောက် လည်ပတ်မှာ ဖြစ်ကြောင်း သမ္မတရုံးကို ကိုးကားပြီး ဖော်ပြ ပါတယ်။

သမ္မတ နှစ်ဦးဟာ မေလ ၉ ရက်နေ့ မှာ တွေ့ဆုံ ဆွေးနွေး ကြမှာ ဖြစ်ပြီး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု၊ သယံဇာတ၊ စွမ်းအင်၊ နဲ့အခြေခံ အဆောက်အဦ တည်ဆောက်ရေး ဆိုင်ရာ တွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေး ကြဖွယ် ရှိကြောင်း အဲဒီ သတင်းမှာ ဖော်ပြ ပါတယ်။

ပြီးခဲ့တဲ့ မေလ တုန်းက တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် မြန်မာနိုင်ငံကို လာရောက် လည်ပတ် ခဲ့ပြီးတဲ့နောက် သမ္မတ ဦးသိန်းစိန်က အခုလို သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။