BBC navigation

ပြစ်မှုကျူးလွန်သူကို မလွှတ်နိုင်ဘူးလို့ ဦးသိန်းစိန်ပြော

နောက်ဆုံး ရေးသားချိန် 3 အောက်တိုဘာလ 2012 - 00:50 GMT
U Thein Sein

ဘီဘီစီ Hardtalk သတင်းထောက်နဲ့ သမ္မတ ဦးသိန်းစိန်

မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို အစိုးရကနေ စိစစ်ပြီး လွှတ်ပေးနေကြောင်း၊ ဒါပေမယ့် ရာဇဝတ်မှု ကျူးလွန်သူတွေ၊ အကြမ်းဖက်သမားတွေ၊ ဖောက်ခွဲ ဖျက်ဆီးသူတွေကိုတော့ လွှတ်ဖို့ မဖြစ်နိုင်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ရှိမရှိကို ဘီဘီစီက မေးရာမှာ သမ္မတက အဲဒီလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ရှိနေသေးတယ်လို့ NLD ဘက်က ပြောသလို လူ့အခွင့်အရေးအဖွဲ့တွေကလည်း ရာဂဏန်းရှိသေးတယ်လို့ ပြောကြပါတယ်။

သမ္မတ ဦးသိန်းစိန် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရှိနေစဉ်က ဘီဘီစီ ကမ္ဘာ့သတင်းဌာန Hardtalk အစီအစဉ်က သတင်းထောက် Stephen Sackur က တွေ့ဆုံ မေးမြန်းခဲ့ တာကို အောက်တိုဘာလ ၂ ရက်နေ့က ဘီဘီစီ World News ရုပ်မြင်သံကြားမှာ ပြသခဲ့တာမို့ အဲဒီထဲက တချို့ကို ကောက်နှုတ် တင်ပြထားတာကို နားဆင်နိုင်ကြပါတယ်။

သမ္မတဦးသိန်းစိန်ကို ဘီဘီစီ Hardtalk မေးမြန်း

သမ္မတရဲ့ အမေရိကန်ခရီးစဉ်အတွင်း မေးမြန်းခဲ့

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

မေးခွန်းတချို့ကတော့ . . .

- စစ်အစိုးရခေါင်းဆောင်ပိုင်းမှာ ပါဝင်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အနေနဲ့ နောက်ကြောင်းပြန်မလှည့်ဘူးလို့ဆိုတဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဘာကြောင့် လုပ်တာလဲ။

- စစ်အစိုးရလက်ထက်က မှားခဲ့တာတွေအတွက် ဥပမာ လူတွေ ထောင်နဲ့ ချီပြီး ဖမ်းဆီး နှိပ်စက်ခဲ့တာ၊ ရာနဲ့ချီပြီး သတ်ဖြတ် ခဲ့တာတွေအတွက် စုံစမ်းစစ်ဆေးဖို့၊ တရားမျှတမှုတွေ ဖြစ်စေဖို့အတွက် လုပ်ဆောင်ဖို့ ရှိလား။

- ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဆီရောက်ဖို့၊ စီးပွားရေးဖြစ်ထွန်းနေတဲ့ တခြား အရှေ့တောင်အာရှနိုင်ငံတွေကို အမှီလိုက်နိုင်ဖို့ ဘယ်လောက် အချိန်ယူ ရမယ်လို့ ခန့်မှန်းပါသလဲ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။