BBC navigation

ကော့စ်ဘဇားမှာ ဘုန်းကြီးကျောင်း ထပ်အဖျက် ခံရ

နောက်ဆုံး ရေးသားချိန် 1 အောက်တိုဘာလ 2012 - 01:20 GMT

စစ်တကောင်း ခရိုင် အတွင်း ဘုန်းကြီးကျောင်း လေးကျောင်း ထပ်အဖျက် ခံရ

ကော့စ်ဘဇားမှာ ဖြစ်နေတဲ့ နောက်ဆုံး အခြေအနေ ကတော့ ဆိုးရွားမှုတွေ ဆက်ဖြစ် နေတယ်လို့ သိရပါတယ်။

အခု ပြဿနာက ဘင်္ဂလာမှာ ကျယ်ပြန့် သထက် ကျယ်ပြန့်လာနေပြီး စစ်တကောင်း ပေါ်တီယာ အရပ်မှာ ဘုန်းကြီးကျောင်း (၅) ကျောင်း ဆက်လက် ဖြိုဖျက် ခံရပါတယ်။

နောက် ကော့စ်ဘဇားခရိုင်က နတ်မြစ်နားမှာ တည်ရှိတဲ့ ဒိုင်းနက် ဈေးနားရွာ မီးရှို့ခံရပြီး အိမ်ခြေ (၇) ဆောင် မီးရှို့ခံရကာ ဘုန်းကြီးကျောင်းကို မီးရှို့ရန် လာစဉ်မှာ ဟန့်တား မရတာကြောင့် ဘင်္ဂလား နယ်ခြား စောင့်တပ်ဖွဲ့နဲ့ ရဲက သေနတ် (၁၅) ချက်ခန့် ပစ်တယ်လို့ ပြောပါတယ်။

ထိခိုက် ဒဏ်ရာ ရသူတွေ ရှိတယ်လို့ ဒိုင်းနက် အမျိုးသား ဦးကျော်လှစိန်က ဆိုပြီး ဗုဒ္ဓဘာသာ၀င်တွေက အထူး စိုးရိမ်နေကြပါတယ်။

အစိုးရက လက်ရှိအခြေအနေမှာ တော့ စုံစမ်းရေး ကော်မရှင် တခု ဖွဲ့လိုက်ပြီး လူ၂၆ယောက်ကို ဖမ်းထားတယ်လို့ သိရပါတယ်။

အစောပိုင်းတုန်းက သတင်းတွေ အရ မြန်မာ နယ်စပ် ရာမူးမှာ ဒေသခံ မူဆလင် ဘင်္ဂလီ လူမျိုးတွေက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ လူနေအိမ်တွေကို မီးရှို့နေတဲ့ အတွက် ပုဒ်မ ၁၄၄ ကာဗျူး ထုတ်ခဲ့ပါတယ်။

ပြည်ထဲရေး ၀န်ကြီး မစ္စတာ အလောင်ဂျီ သွားရောက် ကြည့်ရှု့ခဲ့ပြီး သိမ်တွေ အပါအ၀င် ဘုန်းကြီးကျောင်း (၆) ကျောင်းမီး ရှို့ခံရကာ လုံး၀ ပြာကျသွားသလို အိမ် ၂၀ လောက် မီးရှို့ခံရပြီး ရာချီ ဖျက်ဆီး ခံရပါတယ်။

မီးရှို့ ဆန္ဒပြသူတွေ စွပ်စွဲတာကတော့ ဗုဒ္ဓဘာသာ၀င် လူငယ် တစ်ဦးက ကိုရမ်ကျမ်းကို ခြေထောက်နဲ့ နင်းပြီး ဓါတ်ပုံရိုက်ကာ Facebook တင်တဲ့ အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ရဲကတော့ အတည်ပြုနိုင်ဖို့ စစ်ဆေးနေတုန်း ဖြစ်ပြီး အဲဒီကောင်လေးရဲ့ မိဖတွေကို တော့ ရဲက ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။

ရာမူးမှာ လုံခြုံရေးကတော့ အပြည့်ချထားပြီး နောက်ထပ် ပြဿနာ ဆက်ဖြစ်မှာကိုတော့ ဒေသခံတွေက စိုးရိမ်နေပါတယ်။

ကော့စ်ဘဇားမြို့သိမ်တော်ကြီးမှာလည်း ရဲတွေ အစောင့်အရှောက် ထူထပ်စွာ ချထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။