BBC navigation

သွင်းကုန် ပိတ်ဆို့မှု ကန်လျှော့ပေးမယ်

နောက်ဆုံး ရေးသားချိန် 27 စက်တင်ဘာလ 2012 - 02:25 GMT
clinton

အစိုးရနဲ့ အတိုက်အခံ တွေ တောင်းဆိုမှုကို တုံ့ပြန်

မြန်မာ နိုင်ငံ အပေါ် ကုန်စည် တင်သွင်းမှု တားမြစ် တာတွေ လျှော့ပေးဖို့ ဆောင်ရွက် သွားမယ်လို့ မြန်မာ သမ္မတ ဦးသိန်းစိန်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြား လိုက်ပါတယ်။

မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေး တိုးတက်မှု တွေကို အသိအမှတ်ပြုပြီး မြန်မာ အစိုးရနဲ့ အတိုက်အခံ တွေ တောင်းဆိုမှုကို တုံ့ပြန်တဲ့ အနေနဲ့ ဆောင်ရွက်တာ ဖြစ်တယ်လို့ မစ္စစ် ကလင်တန်က ပြောကြား ခဲ့ပါတယ်။

ဒီလို ပိတ်ဆို့မှု တွေ လျှော့ပေါ့ ပေးတာဟာ မြန်မာ့ စီးပွားရေးကို ကြီးစိုး နေတဲ့ အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး သမားကြီး တွေကိုသာ ပိုအကျိုးရှိ စေပြီး အလုပ်လခ တွေ တိုးတက် လာဖို့ မရှိလှဘူး လို့ စီးပွားရေး သုတေသီ ဦးစိန်ဌေးက ဘီဘီစီကို ပြောပါတယ်။

ဒီနှစ်ဆန်းက မြန်မာ နိုင်ငံမှာ ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပပြီး နောက် အမေရိကန်က ဘဏ္ဍာရေး တင်းကျပ် မှုတွေ လျှော့ ပေးခဲ့သလို သမ္မတ ဦးသိန်းစိန် အမေရိကန် ခရီး မစခင်မှာ သူ့အပေါ် ပိတ်ပင် ထားမှု တွေကို အမေရိကန် ဘက်က ရုပ်သိမ်း ပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။