BBC navigation

ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ် စတင်

နောက်ဆုံး ရေးသားချိန် 16 စက်တင်ဘာလ 2012 - 15:32 GMT

NLD နာယက ဦးတင်ဦး အမှူးပြုပြီး၊ NLD ပါတီဝင်တွေနဲ့ ပြည်သူအများ လေဆိပ်ကို လိုက်ပို့ကြ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရက် ၂၀ ကြာ အမေရိကန် ခရီးစဉ် အဖြစ် တနင်္ဂနွေနေ့မှာ အမေရိကန် ပြည်ထောင်စုကို ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။

NLD နာယက ဦးတင်ဦး အမှူးပြုပြီး NLD ပါတီဝင် တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ပြည်သူတွေ ကနေ ရန်ကုန် နိုင်ငံ တကာ လေဆိပ်ကို လိုက်လံ ပို့ဆောင်ခဲ့ ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရက်ခ် မစ်ချဲယ်လည်း ဒေါ်အောင်ဆန်း စုကြည်နဲ့အတူ အမေရိကန်ကို လိုက်ပါသွားတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ် အတွင်း အမေရိကန် ကွန်ဂရက်စ်က ၂၀ဝ၈ ခုနှစ် တုန်းက ချီးမြှင့်ခဲ့တဲ့ Gold Medal ဆု အပါ အဝင် တခြား ဌာနတွေက ပေးထားတဲ့ ဆုတွေ ကို ဝါရှင်တန်နဲ့ နယူးယောက်မြို့ တို့မှာ လက်ခံ ရယူမှာ ဖြစ်ပြီး၊ တက္ကသိုလ် တချို့ကို လည်း သွားရောက်မှာ ဖြစ်ပါတယ် ။

ဒါ့အပြင် အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ မြန်မာ မိသားစုတွေကိုလည်း တွေ့ဆုံဖို့ ရှိပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန် ဟာလည်း အဲဒီရက်ပိုင်း အတွင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ အမေရိကန်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။