BBC navigation

ကုလအထူးကိုယ်စားလှယ် သမ္မတဦးသိန်းစိန်နဲ့တွေ့

နောက်ဆုံး ရေးသားချိန် 13 စက်တင်ဘာလ 2012 - 16:55 GMT
vijay_nambiar

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိ နေပါတယ်။

ကြာသပတေးနေ့က မစ္စတာ နမ်ဘီးယားဟာ နေပြည်တော်မှာ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

အဲဒီလို တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ရာမှာ သမ္မတ ဦးသိန်းစိန်ရဲ့ မကြာခင် စတင် တော့မယ့် ကုလသမဂ္ဂ ခရီးစဉ် နဲ့ ကုလသမဂ္ဂ ရဲ့ ထောင်စုနှစ် ရည်မှန်းချက် များကို ဆွေးနွေးခဲ့ပါတယ်။

နောက်ပြီး ရခိုင် ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အခြေ အနေ တွေကို လွတ်လပ်စွာ စုံစမ်း ဖော်ထုတ် ရေး ကိစ္စ များလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။