BBC navigation

ကေအိုင်အေ တပ်ရင်း ၆ က ဒေသခံတွေကို ခေါ်တွေ့

နောက်ဆုံး ရေးသားချိန် 6 စက်တင်ဘာလ 2012 - 16:04 GMT

ကေအိုင်အေနဲ့ အစိုးရအကြား ဆွေးနွေးပွဲတွေ ဟာလည်း မအောင်မမြင် ဖြစ်နေပါတယ်

ဖားကန့်မြို့နားမှာ အခြေစိုက်တဲ့ ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ တပ်ရင်း ၆ ကနေ ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တချို့နဲ့ ရပ်မိရပ်ဖ တချို့ကို ဗုဒ္ဓဟူးနေ့က ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။

အခုလို တွေ့ဆုံရတာဟာ ဖားကန့် ဒေသမှာ အစိုးရဘက်ကနေ စစ်အင်အား တို့ချဲ့ပြီး ထိုးစစ်ဆင်တာတွေ များလာတာတွေကို အဓိက ရှင်းပြတာ ဖြစ်ကြောင်း သိရတယ်လို့ ကေအိုင်အို ပြောခွင့်ရ ဦးလနန်းက ဘီဘီစီကို ပြောပြပါတယ်။

ဒီအတွက် လုပ်ငန်းရှင်တွေနဲ့ ရပ်မိရပ်ဖတွေအနေနဲ့ သတိထားဖို့ အတွက် ရှင်းပြတာ ဖြစ်တယ်လို့ လည်း သူကပြောပါတယ်။

နောက်ပြီး လုပ်ငန်းရှင်တွေ အနေနဲ့ အခြေအနေကို သုံးသပ်ပြီး၊ ကိုယ့်လုပ်ငန်းတွေ လုပ်သင့် မလုပ်သင့် ချင့်ချိန်ကြဖို့လည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အရင်တုန်းက ဖားကန့် ဒေသမှာ အစိုးရဘက်က ဗျူဟာတခုပဲ ရှိကြောင်း၊ ဒီနှစ်ဆန်းက စလို့ ဗျူဟာနှစ်ခု ထပ်တိုးထားတဲ့အတွက် စစ်သည်အင်အား ဘယ်လောက် ဖြည့်တင်း ထားတယ် ဆိုတာ ခန့်မှန်းလို့ ရတယ်လို့ ဦးလနန်းက ပြောပါတယ်။

ဖားကန့်နဲ့ အနီး ဝန်းကျင်က ဒုက္ခသည်တွေ ယာယီ ခိုလှုံနေတဲ့ စခန်း ၃၉ ခုမှာ ဒုက္ခသည် ရှစ်ထောင်ကျော်လောက် ရှိနေတယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။