BBC navigation

သမ္မတ စိတ်ကြိုက် အပြောင်းအလဲ လုပ်

နောက်ဆုံး ရေးသားချိန် 28 သြဂုတ်လ 2012 - 02:18 GMT
thein sein

ပြည်သူ့ ထင်မြင်ချက် တွေ မူတည် တုံ့ပြန်ခဲ့

သမ္မတ ဦးသိန်းစိန် အစိုးရ ဝန်ကြီး အပြောင်း အလဲ တွေဟာ ပြည်သူ တွေကြားက သတင်း ဌာန တွေက လာတဲ့ ထင်မြင်ချက် တွေပေါ် မူတည် တုံ့ပြန် ခဲ့တာလို့ သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဆိုပါတယ်။

အခြေခံ ဥပဒေ အရ ခွင့်ပြု ထားတဲ့ ဘောင်တွင်းက ဆောင်ရွက်တာမို့ လွှတ်တော် အတည်ပြုချက် ယူစရာ မလိုဘူးလို့ သူက ဆိုပါတယ်။

သမ္မတ ရုံး ဝန်ကြီး အရေအတွက် တိုးလာတာဟာ ငြိမ်းချမ်းရေး စီးပွားရေး ပြုပြင်ရေး တွေ အတွက် သမ္မတရဲ့ လုပ်ငန်းစဉ် တွေ အရှိန် မြှင့် ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဦးဇော်ဌေးက သုံးသပ် ပါတယ်။

လစ်လပ် သွားတဲ့ ဝန်ကြီး နေရာတွေ ကိုလဲ မကြာခင် ဖြည့်စွက် ခန့်ထားမှာ လို့ သိရပါတယ်။

ဒီလို အဆင့်မြင့် ရာထူးတွေ တိုးမြှင့် ခံရသူ တွေထဲမှာ အရင် စစ်အစိုးရ လက်ထက်က အတိုက်အခံ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်း ဆွေးနွေးရတဲ့ ဝန်ကြီး ဦးအောင်ကြည် လဲ ပါပါတယ်။

မြန်မာ့ ပြုပြင်ရေး ဟာ နောက်ကြောင်း ပြန်လှည့်လို့ မရတော့ဘူးလို့ ဒေါ် အောင်ဆန်းစုကြည်က သတိပေး ခဲ့သလို ဒီမိုကရေစီ လမ်းကြောင်းမှာ အဝေးကြီး ခရီးဆက် စရာ ရှိသေးတယ် လို့လဲ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။