BBC navigation

မြန်မာနိုင်ငံမှာ လယ်ဧက သိန်းနဲ့ချီ ရေမြုပ်နေ

နောက်ဆုံး ရေးသားချိန် 25 သြဂုတ်လ 2012 - 16:10 GMT

ရှေ့နှစ် စပါးထွက်ရှိမှုနဲ့ ပတ်သက်ပြီး၊ စိုးရိမ်မှုတွေ တိုးပွားလာနေပါတယ်

မြန်မာနိုင်ငံမှာ မုတ်သုန်ရာသီ မိုးတွေ အကြီးအကျယ် ရွာသွန်းခဲ့ပြီး၊ မိုးရေကြီးမှုတွေ ဖြစ်ပွား နေတာကြောင့် လူပေါင်း ၈ သောင်း ကျော်ဟာ သူတို့ရဲ့ အိမ်ယာတွေကို စွန့်ခွာ ထားခဲ့ ကြရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း မိုးတွေ အကြီးအကျယ် ရွာသွန်းခဲ့တာ ကြောင့် စိုက်ပျိုးရေး အတွက် အဓိက အားထားရတဲ့ နိုင်ငံ တောင်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသမှာ လယ်ဧက သိန်းနဲ့ ချီပြီး ရေမြုပ်နေ ပါတယ်။ ဒါကြောင့်မို့ ရှေ့နှစ် စပါးထွက်ရှိမှုနဲ့ ပတ်သက်ပြီး၊ စိုးရိမ်မှုတွေ တိုးပွား လာနေပါတယ်။

ဧရာဝတီတိုင်း ပန်းတနော် ဓနုဖြူ ညောင်တုန်း သုံးပွင့်ဆိုင် မြို့နယ်က လယ်ယာမြေ ဧက(၆) သောင်းနီးပါး ရေမြုပ် ပျက်စီးခဲ့ရပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ရေကြီးနေတဲ့ ဒေသတချို့ကို သွားရောက်ပြီး၊ ရေဘေး ကယ်ဆယ်ရေး ဌာန နေရာ ၂၀၀ လောက် ဖွင့်ပေးထားတယ်လို့ ပြောပါတယ်။

၂၀၀၈ ခုနှစ်ကလည်း နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်း ဒေသမှာ အကြီး အကျယ် ပျက်ဆီး ဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့ပြီး၊ အဲဒီတုန်းက မုန်တိုင်းကြောင့် လူပေါင်း ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။