
ပြည်ထောင်စု လဝကဝန်ကြီး ဦးခင်ရီ
ရိုဟင်ဂျာဆိုတာ မြန်မာလူမျိုးစုထဲမှာ ဘယ်တုန်းကမှ မပါခဲ့ပါဘူးလို့ ပြည်ထောင်စု လဝက ဝန်ကြီး ဦးခင်ရီက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဗြိတိသျှ ကိုလိုနီခေတ် အစိုးရ ထုတ်ပြန်တဲ့ ပြန်တမ်းထဲမှာလည်း မပါဘူး၊ လွတ်လပ်ရေး ရပြီးနောက် ကောက်ယူတဲ့ သန်းကောင်စာရင်း မှာလည်း မပါဘူး၊ ၁၉၈၃ ခုနှစ်မှာ ကောက်ယူတဲ့ သန်းကောင်စာရင်းမှာလည်း မပါပါဘူးလို့ ဦးခင်ရီက ဘီဘီစီနဲ့ သီးသန့် ဆက်သွယ် အင်တာဗျူးမှာ ပြောလိုက်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဝန်ကြီးက မြန်မာနိုင်ငံ အနောက်ပိုင်းမှာ တခြား နိုင်ငံကနေ ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေတော့ ရှိပါတယ်လို့ ပြောပါတယ်။
တခါ ၂၀၁၄ မှာ ပြည်လုံးကျွတ် ကောက်ယူမယ့် သန်းကောင်စာရင်း ကျရင်တော့ လူဦးရေပေါ်မှာပဲ မူတည် ကောက်ယူမယ်၊ ဘာသာရေးပေါ်မှာ ကောက်ယူသွားမှာ မဟုတ်ဘူးလို့လည်း ဘီဘီစီကို ပြောခဲ့ပါတယ်။













