BBC navigation

စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့မှု ကင်တားနား ကြိုဆို

နောက်ဆုံး ရေးသားချိန် 18 သြဂုတ်လ 2012 - 00:45 GMT
Quintana

မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး မြန်မာသမ္မတက စုံစမ်းစစ်ဆေး ရေး ကော်မရှင် ဖွဲ့စည်းတာကို ကြိုဆိုကြောင်း ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့် အရေး အထူးအကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက ပြောပါတယ်။

စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေ ထဲမှာလည်း လူစုံ အလွှာစုံ ပါလာပြီး အစိုးရပိုင်းက တာဝန်ရှိသူတွေ မပါတဲ့ အတွက် အထိုက်အလျောက် လွတ်လပ်မယ်လို့လည်း ယူဆ ကြောင်း သူက ပြောပါတယ်။

ဒါပေမယ့် ဒီကော်မရှင်ကနေ ဘယ်လို ဆက်ပြီး အလုပ် လုပ်တယ် ဆိုတာက စောင့်ကြည့်ရဦးမှာ ဖြစ်တယ် လို့ သူက ဘီဘီစီကို ပြောပါ တယ်။

အခုလို ပြည်တွင်း ကော်မရှင်ဖွဲ့တာကို လက်ခံကြောင်း၊ သူ့အနေနဲ့ နိုင်ငံတကာ ကော်မရှင်အဖွဲ့မျိုး ဖွဲ့ဖို့ ပြောကြားတာ မဟုတ်ဘဲ၊ တကယ်တမ်း လိုအပ်တာက စုံစမ်း စစ်ဆေးဖို့ သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့ဟာ လွတ်လပ်ရမယ်၊ သူတို့လုပ်ချင်တာ စုံစမ်း ချင်တာကို လွပ်လွပ် လပ်လပ် လုပ်နိုင်ရမယ်၊ သွားချင်တဲ့ နေရာသွားလို့ရပြီး အသိုင်းအဝိုင်း အစုံကို လေ့လာခွင့်ရဖို့ အရေကြီးကြောင်းလည်း မစ္စတာကင်တားနားက ပြောပါ တယ်။

မစ္စတာ ကင်တားနားဟာ ရိုဟင်ဂျာတွေဘက် ဘက်လိုက်တယ် ဆိုတဲ့ ပြောဆိုမှုတွေ အပေါ်ကိုတော့ သူက ငြင်းဆိုသွားပြီး၊ သူ့ အစီရင်ခံစာကို အပြည့်အစုံဖတ် ကြည့်ရင် ဘက်လိုက် တယ်လို့ ပြောချင်မှ ပြောကြမှာပါလို့ ဖြေကြား သွားပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့က သမ္မတ ဦးသိန်းစိန် ဖွဲ့ပေးလိုက်တဲ့ စုံစမ်းရေး ကော်မရှင် အဖွဲ့ထဲမှာ ဘာသာရေး အဖွဲ့ ခေါင်းဆောင် တချို့အပြင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဦးကိုကိုကြီး၊ အနုပညာရှင် ဦးဇာဂနာ၊ စာရေးဆရာ မောင်ဝံသ၊ ဦးခွန်ထွန်းဦး စတဲ့ သူတွေလည်း ပါဝင်ပါတယ်။

ကော်မရှင် ဥက္ကဌကတော့ သာသနာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်ဟောင်း ဒေါက်တာ မျိုးမြင့် ဖြစ်ပြီး အတွင်းရေးမှူးက Myanmar Egress က ဒေါက်တာ ကျော်ရင်လှိုင် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။