BBC navigation

သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 12 သြဂုတ်လ 2012 - 17:09 GMT

ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အကြောင်း အရာ တွေကိုတော့ မသိရပါ

သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းက နေပြည်တော်မှာ ၂ နာရီကြာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲဟာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ သီးသန့်တွေ့ဆုံ ဆွေးနွေးမှု ဖြစ်တယ်လို့ လည်း သိရပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အကြောင်းအရာတွေကိုတော့ မသိရပါ။

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရင်ကလည်း ၂ ကြိမ်တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ဖူးပြီး၊ ပြီးခဲ့တဲ့ ဧပြီလက နောက်ဆုံး တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။