BBC navigation

၈လေးလုံး နှစ်ပတ်လည် ပြင်ဆင်နေစဉ် ဝန်ကြီးတွေ လာအားပေး

နောက်ဆုံး ရေးသားချိန် 7 သြဂုတ်လ 2012 - 17:43 GMT
min_ko_naing

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်

သြဂုတ်လ ၈ ရက် နေ့ လူထုအုံကြွမှုကြီး ဖြစ်ခဲ့တာ ၂၄ နှစ်ပြည့် အခမ်းအနား ကို မန္တလေး မြို့မှာ ကျင်းပဖို့ ကျောင်းသားဟောင်း တွေနဲ့ ကျောင်းသားသစ် တွေ ပြင်ဆင် နေကြ စဉ်မှာ ပြည်ထောင်စု ဝန်ကြီး နှစ်ယောက် လာရောက်တွေ့ဆုံ ခဲ့ကြပါတယ်။

အဲဒီ အခမ်းအနား ပြင်ဆင်ရာကို လာရောက်ခဲ့ကြ တာက မီးရထား ဝန်ကြီး ဦးအောင်မင်း နဲ့ စက်မှု ဝန်ကြီး ဦးစိုးသိန်း တို့ဖြစ်ပြီး၊ ၈၈ မျိုးဆက် ကျောင်းသားတွေကို လာရောက် တွေ့ဆုံ အားပေးပြီး အလှူငွေ ပါထည့်ဝင် သွား ခဲ့ပါတယ်။

အဲဒီလို လာရောက်ခဲ့မှု နဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပြရာမှာတော့ အခမ်းအနား ပြင်ဆင် နေချိန်မှာ အခုလို ပြည်ထောင်စု အဆင့် ဝန်ကြီးတွေ ကိုယ်တိုင် လာရောက် အားပေးတာကို ကောင်းသော လက္ခဏာ အဖြစ် ခံစား ရတဲ့ အကြောင်း ပြောပါတယ်။

ဝန်ကြီးတွေက နိုင်ငံတော် သမ္မတ ဆီက ခွင့်တောင်းပြီးမှ လာရောက်တာ ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတ ကိုယ်တိုင် တလေးတနက် ပြောထားတဲ့ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်ကို အလေးအနက် ထားတဲ့ သဘောနဲ့ လာရောက်တာ ဖြစ်တယ်လို့ ပြောကြောင်း၊ မိမိတို့ ဘက်ကလည်း ဒါကို သဘောတူ လက်ခံကြောင်းနဲ့ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ် ဆိုတာကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် တဦးနဲ့ တဦး အပြန်အလှန် လေးစားမှု နဲ့ အသိအမှတ် ပြုမှုတွေကို ပြသတဲ့ သဘောလို့ နားလည်ကြောင်း ပြောကြား သွားပါတယ်။

ဒီမိုကရေစီ တကယ်သွားဖို့ ဒီလို အသိအမှတ်ပြုမှုနဲ့ တဦးနဲ့ တဦး နားလည်မှုတွေ လိုအပ်နေတဲ့ အကြောင်း၊ အခုတော့ လမ်းပွင့် သွားအောင် လာပြီး အချက်ပြတယ်လို့ မှတ်ယူလို့ ရတဲ့ အကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။