BBC navigation

ကျောက်တော် ရွာသုံးရွာမှာ နေအိမ်တွေ မီးရှို့ခံရ

နောက်ဆုံး ရေးသားချိန် 6 သြဂုတ်လ 2012 - 12:05 GMT
ရခိုင်ပြည်နယ်မှာ ရွာတွေမီးရှို့ခံရစဉ်

ရခိုင်ပြည်နယ်မှာ ရွာတွေမီးရှို့ခံရစဉ်

ရခိုင်ပြည်နယ် တဝှန်းမှာ ရခိုင်တွေနဲ့ မွတ်ဆလင်တွေကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး နှစ်လကျော်လာချိန်မှာ ကျောက်တော်မြို့၊ ရွာသုံးရွာမှာ နေအိမ်တွေ မီးရှို့ခံရပြီး၊ မွတ်ဆလင် တချို့ အသက်ခံရတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်အတွင်း အပေါက်ဝ၊ ရွှေလှိုင်၊ဂူပိတောက် ရွာတွေမှာ တနင်္ဂနွေနေ့က မီးရှို့ဖျက်ဆီးခံရပြီး ရိုညာရွာမှာလည်းတနင်္လာနေ့က မီးရှို့ဖျက်ဆီး ခံရပါတယ်။ ဖျက်ဆီးခံရတဲ့ အိမ်းခြေ၁၅၀ကျော်တယ်လို့ မီးရှို့ခံရတဲ့ ရွှေလှိုင်ရွာတဖက်ကမ်း ပိုက်သေရွာက ကိုမာမွတ်က ဘီဘီစီကိုပြောပါတယ်။

သေဆုံးမှုအရေအတွက်နဲ့ပတ်လို့ မွတ်ဆလင်ရွာသားက အယောက်၄၀လောက် ခန့်မှန်းပြောကြားပေမယ့် ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးပြောခွင့်ရပုဂ္ဂိုလ် ဉီးဝင်းမြိုင်ကတော့ နှစ်ယောက်သေဆုံးပြီး နှစ်ယောက်ဒဏ်ရာရတယ်လို့ ဘီဘီစီကိုပြောပါတယ်။

အခုဖြစ်ပွားမှုဟာ မွတ်ဆလင်အိမ်တွေကို ရခိုင်တွေက မီးရှို့တာလို့ မွတ်ဆလင်ဘက်က စွပ်စွဲပေမယ့် ဉီးဝင်းမြိုင်ကတော့ ဘယ်သူ့ လက်ချက်လည်းဆိုတာ အခုစုံစမ်း စစ်ဆေးနေဆဲလို့ ပြောပါတယ်။

အစိုးရက အရေးပေါ်အခြေအနေကြေညာထားပေမယ့် အခုလို မီးရှို့မှု သတ်ဖြတ်မှုတွေ ဆက်ဖြစ်နေတဲ့အတွက် အခြေအနေပိုဆိုးလာသလားလို့ မေးစရာဖြစ်နေပါတယ်။ ဉီးဝင်းမြိုင်ကတော့ တက္ကသိုလ်တွေ ကျောင်းတွေ ပြန်ဖွင့်နိုင်လို့ အခြေအနေ ပုံမှန်ရောက်နေပြီလို့ပြောပါတယ်။ ဒါပေမယ့် စစ်တွေ တက္ကသိုလ်မှာတော့ ကျောင်းတက်သူ အတော်နည်းလို့ စာမသင်ဘဲ ပြန်လွှတ်လိုက်ရကြောင်း ကျောင်းသား မိဘတဉီးက ဘီဘီစီကို ပြောသွားပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။