BBC navigation

လွှတ်တော်မှာတိုင်းရင်းသားအခွင့်အရေး အဆိုတင်

နောက်ဆုံး ရေးသားချိန် 15 ဇူလိုင်လ 2012 - 23:44 GMT
_burma_304x171

တိုင်းရင်းသား ကိုယ်စားလှယ်များ

ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော် မှာ တိုင်းရင်းသားတွေ ရဲ့ အခွင့်အရေး နဲ့ ပတ်သက်တဲ့ အဆိုကို တင် အပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထား ကို ပါ သိရ အောင် တိုင်းရင်းသားပါတီ တွေ တနင်္ဂနွေ နေ့ က ရန်ကုန်မြို့ မှာ ဆွေးနွေးကြပါတယ်။

ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကရင် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ကွန်ဂရက်၊ ချင်းတိုးတက်ရေး ပါတီ စတာတွေ ပါဝင်ကြပါတယ်။

ကွတ်ခိုင် အမတ်တင်သွင်းတဲ့ အဆိုပြုလွှာ ကို တိုင်းရင်းသားပါတီ တွေ က စုပေါင်း ဆွေးနွေးရာမှာ ဆုံးဖြတ်ချက် တခု ကျလာကြောင်း၊ အဲဒါကတော့ တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေး ဆိုင်ရာ ပြဿနာ အရင်းအမြစ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုံစံမကျမှု အပေါ် မူတည်ကြောင်း၊ ၂၀၀ဂ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြုပြင်မှသာ ပြဿနာ အရပ်ရပ် ဖြေရှင်းရာ ရောက်မယ်လို့ သဘောတူ ရာမှ ဆုံးဖြတ်ချက် ကို ဒေါ်အောင်ဆန်းစုကြည် ထံ ပို့လိုက်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်က ဘီဘီစီ ကို ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြုပြင်ရေးမှာ လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ် တွေ များနေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပါတီ က လူနည်းစု မို့ ဖြစ်နိုင် မဖြစ်နိုင် မေးခွန်းကို ဦးစိုင်းလိတ် က ရှင်းပြရာမှာ စစ်တပ် ကိုယ်တိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးပါဝင် တဲ့ ပင်လုံညီလာခံ ပုံစံ ကျင်းပလိုတဲ့ ပြောသံကြောင့်၊ အတိုက်အခံ အင်အားစုတွေ တစိတ်တဝမ်းထဲ ရှိရေးသာ အဓိက ကျပုံ ကို ဦးစိုင်းလိတ်က ဘီဘီစီ ကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။