BBC navigation

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ရောက်ပြီ

နောက်ဆုံး ရေးသားချိန် 9 ဇူလိုင်လ 2012 - 01:45 GMT
bbc_dassk_npt

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ရောက်ရှိ

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လည်းဖြစ်၊ NLD ပါတီဉက္ကဌ လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ဟာ ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ဖို့ မနေ့ ညနေ က နေပြည်တော် ကို ရောက်ရှိလာပါပြီ။ နေပြည်တော် မှာ နေဖို့ အိမ်ငှားရမ်းတဲ့ အခါမှာ အဆင်မပြေမှု ရှိတယ် ဆိုတဲ့ သတင်းလည်း ထွက်ခဲ့ပါတယ်။

နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်ရဲ့ NLD လွှတ်တော် အမတ် ဒေါ်စန္ဒာမင်း က နေပြည်တော် ဥတ္တရ သီရိမြို့နယ် ထဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ လုံခြုံရေး အဖွဲ့ဝင် တွေ နေထိုင်ဖို့ အိမ်နှစ်လုံး ဘေးချင်းကပ် ငှားရမ်းထားပြီးကြောင်း ဘီဘီစီ ကို ပြောပါတယ်။

မူလ က အိမ်နှစ်လုံး ငှားရမ်းရာမှာ အဆင်မပြေဘူး ဆိုတဲ့ သတင်း ထွက်လာတာနဲ့ ပတ်သက်လို့ ဒေါ်စန္ဒာမင်း က ရှင်းပြရာမှာ ဥတ္တရ သီရိမြို့နယ် ထဲ က အိမ်တွေ က အိမ်သစ်တွေ ဖြစ်နေတဲ့ အတွက် လူနေထိုင်ခွင့် ချက်ချင်း မကျသေးတဲ့ အကြောင်း၊ နေထိုင်ခွင့် လျှောက်ထားရာမှာ သက်ဆိုင်ရာ က ၁ဝ ရက် အတွင်း ချပေးမယ် လို့ ပြောယင်း လတ်တလော နေထိုင်ခွင့် ပြုပုံ ကို ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ လွှတ်တော်တက်နေတဲ့ ကာလ အတွင်းမှာ နေပြည်တော် မှာပဲ နေထိုင်ဖို့ အစီအစဉ် ရှိပြီး အရေးကိစ္စ ရှိမှသာ ရန်ကုန်ကို လွှတ်တော် နားရက် စနေ တနင်္ဂနွေ နေ့တွေမှာ ပြန်ဖို့ရှိကြောင်း သိရပါတယ်။

အခြား NLD ပါတီ လွှတ်တော် အမတ်တွေ နဲ့ တော့ တွေ့ဆုံ ကြမယ့် အစီအစဉ် တွေ ရှိပုံ ကို နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်ရဲ့ NLD လွှတ်တော် အမတ် ဒေါ်စန္ဒာမင်း က ဘီဘီစီ ကို ပြောပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။