bbc.co.uk navigation

လူမှုကာကွယ် စောင့်ရှောက်မှု စိန်ခေါ်မှုတွေရှိ

နောက်ဆုံး ရေးသားချိန် 25 ဇွန်လ 2012 - 16:28 GMT
သမ္မတဦးသိန်းစိန် နေပြည်တော်မှာ ဌာနအကြီးအကဲတွေကို မိန့်ခွန်းပြောခဲ့

သမ္မတ ဦးသိန်းစိန် နေပြည်တော်မှာ ဌာန အကြီးအကဲတွေကို မိန့်ခွန်းပြောခဲ့

မြန်မာ့လူမှုရေး ကာကွယ် စောင့်ရှောက်မှုစနစ် ကိုဖေါ်ထုတ်ရေးဆွဲရာမှာ ကုလသမဂ္ဂ အပါအဝင်ပြည်ပ အလှူရှင်တွေ ပြည်တွင်းပြည်ပ ပရဟိတအသင်းတွေကနေ အကူအညီရဖို့ အရေးကြီးတယ်လို့ သမ္မတဉီးသိန်းစိန်ကနေ ပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ လူမှုရေး ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာညီလာခံမှာ ထည့်သွင်းပြောကြား သွားပါတယ်။

ဒီလို အကောင်အထည်ဖေါ် ဆောင်ရွက်ရာမှာ ပြည်တွင်းပြည်ပ ပညာရှင်တွေ အလှူရှင်တွေ ပါမယ့် အမျိုးသား အဆင့်၊ အဆင့်မြင့် အဖွဲ့စည်းတရပ် ဖွဲ့ဖို့လည်း အကြံပြုသွားပါတယ်။

အခုလို အကောင်အထည်ဖေါ် ဆောင်ရွက်ဖို့ ဆိုရင် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတခု အနေနဲ့ ကြီးမားတဲ့ စိန်ခေါ်မှုလို့ သမ္မတက ထည့်သွင်း ပြောကြား သွားပါတယ်။

ကျေးလက်တောရွာတွေ ဆင်းရဲတဲ့ အခြေခံလူထုက စဖို့ လိုမယ်လို့ စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက ပြောပါတယ်။ အခြေခံ လူတန်းစားတွေ အတွက် ကျန်းမာရေး စောင့်ရှောက်ဖို့ ကျေးလက် သောက်သုံးရေ ရဖို့ စတဲ့လုပ်ငန်း တွေက စသင့်တယ်လို့ ထင်ကြောင်း အဲဒီနောက် လူငယ်တွေ အတတ်ပညာ သင်ကြားရေးဘက်ကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုတယ်လို့ အကြံပြုပါတယ်။

လိုအပ်မယ့်ငွေကို အစိုးရအ နေနဲ့ ကျန်းမာရေး ပညာရေး ဘတ်ဂျက်တွေ ကနေ သုံးစွဲပြီး ပြည်ပကလည်း ရန်ပုံငွေတွေ ရဖို့ ဆောင်ရွက် သင့်ကြောင်း ဦးမော်သန်းက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2013 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။